ချင်းပြည်နယ်ရှိ မြေပြိုမှုဖြစ်ပွားခဲ့သည့် ဒေသကို လာမည့်မိုးရာသီ၌ ဦးစားပေးပြင်ဆင်မည်

ချင်းပြည်နယ်ရှိ မြေပြိုမှုဖြစ်ပွားခဲ့သည့် ဒေသကို လာမည့်မိုးရာသီ၌ ဦးစားပေးပြင်ဆင်မည်
ဟားခါးမြို့၌ မြေပြိုမှုမြင်ကွင်း။ (Photo- Chan Bik Lian)

ရန်ကုန်၊ ဧပြီ  ၁၁ ။  ။ ချင်းပြည်နယ်အတွင် ယမန်နှစ်က မြေပြိုမှု ဖြစ်ပွားခဲ့သည့် နေရာကို လာမည့်မိုးရာသီအတွင် မြေပြိုမှု မဖြစ်ပွားစေရန်  ဦးစားပေးဆောင်ရွက်မည် ဟု ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ် နှင့် စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က မဇ္ဈိမကိုပြောသည်။

“မနှစ်က မိုးရာသီတုန်းက ဖြစ်ခဲ့တဲ့နေရာတွေမှာ မိုးကျရင် အဲ့ဒေသကလူတွေ ဒုက္ခမရောက်အောင် ချင်းပြည်နယ်မှာ ဦးစားပေး ပြင်ဆင်မယ်။ ဒါပေမယ့် ပြင်ဆင်မှုက ဘာတွေလုပ်မယ်ဆိုတာကို အခုပြောလို့တော့မရသေးဘူး။ ဆွေးနွေးနေတုန်းပဲ” ဟု ၎င်းက ပြောသည်။

၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်း ချင်းပြည်နယ် ဟားခါးမြို့ပေါ်တွင် မိုးကြီး ရေလျှံကာ တောင်ပြိုမှု၊ မြေပြိုမှုများကြောင့် နေအိမ်အမြောက်အမြား ပျက်စီးဆုံးရှုံးခဲ့ပြီး ကားလမ်းများလည်း ပျက်စီးကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်ခဲ့ရသည်။ လက်ရှိတွင် တောင်များ ဆက်လက်ပြိုကျနိုင်သည့် အနေအထား ရှိနေပြီး မြေကြီး အက်ကွဲကြောင်းများဖြစ်ပေါ်နေသည့်အတွက် ဟားခါးမြို့ပေါ်သို့ ပြောင်းရွှေ့ခဲ့ရသည်ဟု ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

၎င်းမြေပြိုမှု ဖြစ်ပွားခဲ့သည့် နေရာတွင် ယခုလာမည့် မိုးရာသီး၌ ယင်းဖြစ်ရပ်များ ထပ်မံဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန်လည်း ချင်းပြည်နယ်အစိုးရက စီစဉ်ထားသည်ဟု ၎င်းကဆိုသည်။ ချင်းပြည်နယ် ဟားခါး၊ တီးတိန် မြို့များတွင် ရေအိုင်နေသည့်နေရာများ၊ မြေပြိုစပြုရန် အကြွင်းအကျန်ရှိနေသေးသည့် နေရာများလည်းရှိကြောင်း ၎င်းကပြောသည်။

၂၀၁၅ ခုနှစ်က ချင်းပြည်နယ် ဟားခါးမြို့ မြေပြိုမှုကြောင့် နေအိမ် ၅၅၈လုံး ပျက်ဆီးကာ ဒုက္ခသည် ၅၆၆၆ဦးရှိခဲ့သည်ဟု ပြည်နယ်အစိုးရအဖွဲ့ စာရင်းများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly