စစ်ကောင်စီကို ဒရုန်းတွေနဲ့ အကောင်းဆုံးတိုက်ခိုက်နိုင်နေပြီလို့ NUG ယာယီသမ္မတပြော ( ရုပ်သံ)

By MTO (မဇ္စျိမ)
07 September 2023
စစ်ကောင်စီကို ဒရုန်းတွေနဲ့ အကောင်းဆုံးတိုက်ခိုက်နိုင်နေပြီလို့ NUG ယာယီသမ္မတပြော ( ရုပ်သံ)

စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းတွေနဲ့ အကောင်းဆုံးတိုက်ခိုက်နိုင်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတဒူဝါလရှီးလက ဒီကနေ့ စက်တင်ဘာလ ၇ ရက်နေ့မှာ ကျရောက်တဲ့ နွေဦးတော်လှန်ရေးခုခံတော်လှန်စစ် နှစ်နှစ်ပြည့်  နိုင်ငံတော်အခြေပြုမိန့်ခွန်းမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းတိုက်ခိုက်ရေးစွမ်းရည်ဟာ ပိုမိုမြင့်မားလာနေပြီး စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒရုန်းပျံဝဲသံကို ကြားရုံနဲ့ ထိတ်လန့်တုန်လှုပ်နေရပြီလို့ တော်လှန်ရေးအင်အားစု‌တွေက ဆိုပါတယ်။
ကိုယ်ပိုင်ဒရုန်းအဖွဲ့ မရှိသေးတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို NUGအစိုးရအနေနဲ့ နည်းပညာနဲ့ တခြားလိုအပ်တာ‌တွေ ပံ့ပိုးပေးသင့်တယ်လို့ တိုက်တွန်းပြောဆိုမှုတွေရှိနေပါတယ်။

တည်းဖြတ်၊တင်ဆက် - MTO
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required