ကရင်နီပြည်နယ်တွင် ဩဂုတ်လအတွင်း တိုက်ပွဲ ၅၀ ခန့်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ဒု-ဗိုလ်မှူး အပါ အဝင် ၁၁၀ ဦး သေဆုံးကာ စစ်သုံ့ပန်း ၃ ဦး ဖမ်းဆီးရမိ

By 002 (မဇ္စျိမ)
05 September 2023
ကရင်နီပြည်နယ်တွင် ဩဂုတ်လအတွင်း တိုက်ပွဲ ၅၀ ခန့်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ဒု-ဗိုလ်မှူး အပါ အဝင် ၁၁၀ ဦး သေဆုံးကာ စစ်သုံ့ပန်း ၃ ဦး ဖမ်းဆီးရမိ

ကရင်နီပြည်နယ်တွင် ဩဂုတ်လအတွင်း တိုက်ပွဲ ၅၀ ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ဒု-ဗိုလ်မှူးအပါအဝင် ၁၁၀ ဦးသေဆုံးကာ စစ်သုံ့ပန်းသုံးဦးဖမ်းဆီးရမိခဲ့ကြောင်း ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ်(KNDF)က သတင်းထုတ်ပြန်သည်။

 ဩဂုတ်လ ၂ ရက်နေ့မှစ၍ စစ်ကောင်စီတပ်သည် ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို ထိန်း ချုပ်နိုင်ရန် ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်အကြားရှိ လမ်းဘေး ဝဲ၊ ယာမှကျေးရွာများသို့ အပြင်းအထန်ထိုး စစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သြဂုတ်လအတွင်း စစ်ကောင်စီ၏ တပ်မ(၅၅)လက်အောက်ခံတပ်ရင်းများက စစ်ကြောင်းသုံးကြောင်း ဖြင့် ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်အစ ငွေတောင်ရွာသစ်ကျေးရွာမှ ကဒါးလား၊ ထီးသော်ကူးနှင့် ဒေါညေးခူကျေးရွာများအထိ စစ်ကြောင်းထိုးတပ်စွဲထားသဖြင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များနှင့် နေ့စဉ် တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီးမော့ဆိုနှင့် ဖရူဆိုစစ်မျက်နှာအတွင်း စစ်ကောင်စီတပ်မှ ဒု-ဗိုလ်မှူးအဆင့်ရှိသူအပါအဝင် ထိခိုက်ကျဆုံး မှုများပြားခဲ့ပြီး ၁၁၀ ဦး သေဆုံးကာ ၄၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့သည်ဟု KNDF က ဆိုသည်။

တလအတွင်း တိုက်ပွဲပေါင်း ၅၀ ကျော်ဖြစ်ပွားခဲ့ကာ တိုက်ပွဲများအတွင်း စစ်သုံ့ပန်းသုံးဦးကို ဖမ်းဆီးနိုင်ခဲ့ ပြီး လက်နက်ငယ် ၁၅ လက်နှင့် လက်နက်ကြီးတလက်အပါအဝင် ဆက်စပ်ခဲယမ်းများကိုလည်း သိမ်း ဆည်းနိုင်ခဲ့သည်ဟု သိရသည်။

ထိခိုက်သေဆုံးမှုများသဖြင့် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၄၅ ကြိမ်ပြုလုပ်ခဲ့ရာ အရပ်သား တဦးသေဆုံးခဲ့ရပြီး လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့်လည်း နှစ်ဦး သေဆုံးခဲ့ကြောင်း၊ စစ်ကောင်စီတပ် ကဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ကလေးငယ်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNDF က ဆိုသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုတို့ကြောင့် လူနေအိမ် ၂၀ လုံး၊ ခရစ်ယာန် ဘုရားကျောင်း တကျောင်းနှင့် စာသင်ကျောင်း နှစ်ကျောင်း ထိခိုက်ပျက်စီးခဲ့သလို မီးရှို့ ဖျက်ဆီးမှုကြောင့် လူနေအိမ် ၁၈ လုံး ပျက်စီးခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း KNDF မှ ငါးဦးကျဆုံး ခဲ့ကြောင်း ဖော်ပြထားသည်။

လတ်တလောတွင်လည်း မယ်စဲ့မြို့နယ်ကို ပြန်လည်သိမ်းပိုက်ရန်အတွက် ဖားဆောင်းမြို့နယ်ဘက်မှ အပြင်းအထန် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်များက ပန်တိန်း ကျေးရွာနှင့်အနီးတဝိုက်တွင် တန်ပြန်တိုက်ခိုက်လျက်ရှိကြောင်း၊ ထို့ပြင် ဖယ်ခုံမြို့နယ်မှ လွိုင်ကော်မြို့ နယ်အထိ ဖြတ်သန်းသွားလာသော စစ်ကောင်စီ လှုပ်ရှားတပ်များနှင့် လုံခြုံရေးတပ်များကိုလည်းကောင်း၊ ဒီးမော့ဆိုမြို့နယ်ရှိ နန်းမယ်ခုံကျေးရွာမှ ဒေါငံခါးကျေးရွာအထိ တပ်စွဲထားသော စစ်ကောင်စီတပ်များကို လည်း ကရင်နီပူးပေါင်းတပ်များမှ အဆက်မပြတ် ချုံခိုတိုက်ခိုက်လျက်ရှိကြောင်း KNDF က သတင်းထုတ် ပြန်သည်။

စာတည်း။  ။စောဖေ

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required