ခင်ဦးတွင် စစ်အာဏာရှင်စနစ် ပြုတ်ကျရေး ထွန်တုံးတိုက်ပွဲ ကျင်းပ

By KMN (မဇ္ဈိမ)
29 August 2023
ခင်ဦးတွင် စစ်အာဏာရှင်စနစ် ပြုတ်ကျရေး ထွန်တုံးတိုက်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ယနေ့ သြဂုတ်လ ၂၉ ရက်နေ့ နံနက်၌  စစ်အာဏာရှင်စနစ် ပြုတ်ကျရေးထွန်တုံးတိုက်ပွဲ ကျင်းပခဲ့ကြောင်း ဒေသခံများမှသိရသည်။

ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး (သြဂုတ်လ ၂၉ ရက်နေ့ တွင်တွေ့ရသည့် ခင်ဦးမြို့နယ်ကောက်စိုက် လယ်ထွန် တောင်သူများ။)

ခင်ဦးမြို့နယ်မှ ကောက်စိုက် လယ်ထွန် တောင်သူများသည် ပြည်သူတင်တဲ့အစိုးရ ဒို့အစိုးရ၊ NUG အစိုးရ ဒို့အစိုးရ၊ စစ်အာဏာရှင်စနစ် အလိုမရှိ၊စစ်အာဏာရှင်တွေ ကျဆုံးပါစေ၊ အညာဖက်ဒရယ် အောင်ရမည် စသည့် ကြွေးကြေသံများဖြင့် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး (သြဂုတ်လ ၂၉ ရက်နေ့ တွင်တွေ့ရသည့် ခင်ဦးမြို့နယ်ကောက်စိုက် လယ်ထွန် တောင်သူများ။)

ခင်ဦးမြို့နယ်တွင် စစ်အာဏာရှင်စနစ် ပြုတ်ကျရေး ထွန်တုံးတိုက်ပွဲများကို မကြာခဏကျင်းပနေပြီး သြဂုတ်လ ၂၇ ရက်နေ့ကလည်း မိုးရာသီ ကောက်စိုက်တောင်သူများမှ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။ 

ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး (သြဂုတ်လ ၂၉ ရက်နေ့ တွင်တွေ့ရသည့် ခင်ဦးမြို့နယ်ကောက်စိုက် လယ်ထွန် တောင်သူများ။)

ခင်ဦးမြို့နယ်တွင် သြဂုတ်လ ၂၅ ရက်နေ့ကစပြီး စစ်ကောင်စီ စစ်ကြောင်းနှစ်ခု တပြိုင်တည်း ခြေလျင်စစ်ကြောင်းထိုးနေမှုကြောင့်  ပင်တင်းရွာ၊  ကြာပင်အိုင်၊ သရက်ပင်ဝန်း၊ ညောင်ပင်ကြီးစု၊ သိမ်တော်စသည့် ကျေးရွာ ဒေသခံ ၈,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required