“Descendants of the Sun” ဇာတ်ကား တရုတ်နိုင်ငံတွင် ကြည့်ရှုသူ ၂ ဘီလျံအထိ ရှိခဲ့

“Descendants of the Sun” ဇာတ်ကား တရုတ်နိုင်ငံတွင် ကြည့်ရှုသူ ၂ ဘီလျံအထိ ရှိခဲ့

ဆိုးလ်၊ ဧပြီ ၈ ။            ။ လူကြိုက်များမှု ရရှိထားသော “Descendants of the Sun” ဇာတ်ကားသည် တရုတ်နိုင်ငံ iQiyi ဝက်ဘ်ဆိုက်ဒ်တွင် ကြည့်ရှုသူ ၂ ဘီလျံကျော်အထိ ရှိခဲ့ကြောင်း  ဇာတ်ကားထုတ်လုပ်သည့် ကုမ္ပဏီ NEW က ဧပြီ ၆ ရက်တွင် ပြောကြားခဲ့သည်။

အပိုင်း ၁၆ ပိုင်း ပါဝင်သော အဆိုပါ ဇာတ်လမ်းတွဲတွင် မင်းသားဆောင်ဂျောင်ကီနှင့် မင်းသမီး ဆောင်းဟေဂျို ( အွန်စော)တို့ ပါဝင် သရုပ်ဆောင်ထားကြောင်းနှင့် ယင်းဇာတ်ကားကို ဖေဖော်ဝါရီလ က ပွဲဦးထွက် ပြသခဲ့ဲပြီးနောက်ပိုင်း ကိုရီးယားနှင့် တရုတ်နိုင်ငံတို့တွင် တစ်ပြိုင်နက်တည်း ပြသခဲ့သည်။

ဒရမ်မာဇာတ်ကား ပထမပိုင်းလေးပိုင်းကို iQiyi ဝက်ဘ်ဆိုက်ဒ်တွင် ကြည့်ရှုသူ သန်း ၃၀၀ ကျော် ရှိခဲ့ပြီးနောက် အပိုင်း ၈ ကို ကြည့်ရှုသူသည် တစ်ဘီလျံ စံချိန်ကို ချိုးဖျက်ခဲ့သည်။ ကိုရီးယား နိုင်ငံတွင် အဆိုပါဇာတ်ကားကို ကြည့်ရှုသူများသော်လည်း နိုင်ငံတစ်ဝှမ်း ကြည့်ရှုသူနှုန်းသည် ၃၀ ရာခိုင်နှုန်းကျော်သာ ရှိသည်။

အဆိုပါ ဇာတ်ကားသည် စစ်ဒဏ်ခံစားခဲ့ရသော မြေထဲပင်လယ်နိုင်ငံ အဲရက်ခ်တွင် စစ်တပ် အရာရှိ ယိုဆီဂျင်နှင့် ဆရာဝန် Kang Mo-yeon တို့၏ အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားသော ဇာတ်ကားဖြစ်သည်။ စစ်တပ်အရာရှိ ယိုဆီဂျင်အဖြစ် ဆောင်ဂျောင်ကီက သရုပ်ဆောင်ထားပြီး ဆရာဝန် Kang Mo-yeon အဖြစ် အွန်စောက သရုပ်ဆောင်ထားသည်။

“Descendants of the Sun” ဇာတ်ကား ကျန်ရှိနေသည့် အပိုင်းလေးပိုင်းကို KBS2 ရုပ်သံ လိုင်းတွင် အပတ်စဉ် ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့တို့တွင် ည ၁၀ နာရီအချိန်၌ ထုတ်လွှင့်ပြသသွား မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required