လောင်းလုံးတွင် “ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်” ခေါင်းစဉ်ဖြင့်ဆန္ဒပြ

By ကိုရွှေမြိတ် (မဇ္ဈိမ)
22 August 2023
လောင်းလုံးတွင် “ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်” ခေါင်းစဉ်ဖြင့်ဆန္ဒပြ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၌ ဩဂုတ်လ ၂၂ ရက်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်ပြီး စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လူထုပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

အဆိုပါ လှုပ်ရှားမှုကို ‌ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ပြုလုပ်ခဲ့ပြီး “ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်”စာသားပါ ဘန်နာကိုင်ဆွဲကာ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြောင်းဆိုသည်။

#ဆန္ဒပြ
#လောင်းလုံး
#DDMSC
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required