ကျယ်လောင်တဲ့အသံမှ ရောဂါအသွင်သို့

By  Sun Thukha
22 August 2023
ကျယ်လောင်တဲ့အသံမှ ရောဂါအသွင်သို့
ဓာတ်ပုံ - Ye Aung Thu / AFP

"တနေ့လူတွေက ကာလဝမ်းရောဂါနှင့် ကူးစက်ရောဂါတွေကို တိုက်ထုတ်သလို  ဆူညံသံကိုလည်း ပြင်းထန်စွာ တိုက်ထုတ်ရလိမ့်မယ်" နိုဘယ်ဆုရှင် Robert Koch, 1910 

ဆူညံသံညစ်ညမ်းခြင်းကို ၁၉၇၀ ခုနှစ် ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ပတ်ဝန်းကျင်ကနေ စတင်တွေ့ရှိလာကြပြီး နောက် ပိုင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကပြဿနာအဖြစ် ပထမဆုံးလေ့လာမှုတွေလုပ်ခဲ့ပါတယ်။ ဆူညံခြင်းဆိုတဲ့ စကားလုံးက လက်တင်ဘာသာစကား 'Nausea' ကနေ ဆင်းသက်လာပြီးအော့အန်လိုတဲ့အထိ စိတ်ထဲမှာခံစားရတဲ့ ဖျားနာမှုလို့ အဓိပ္ပါယ်ရပါတယ် (Rinkesh, n.d.)။ ဆူညံသံညစ်ညမ်းမှုဆိုတာ လူနဲ့သက်ရှိတွေရဲ့ကျန်းမာရေးကိုထိ ခိုက် စေတဲ့ မလိုလားအပ်တဲ့ အနှောက်အယှက်ဖြစ်စေတဲ့အသံလို့ ဖော်ပြကြပါတယ် (Society, Resource, 2023)။  

အသံညစ်ညမ်းမှုတွေ ဘယ်ကလာတာလဲ။ အသံညစ်ညမ်းမှုတွေက လူတွေရဲ့လုပ်ရှားဆောင်ရွက်မှုရှိတဲ့ နေရာတိုင်း ကနေ ထွက်ပေါ်လာခြင်းဖြစ်ပြီးတော့ ယာဉ်အမျိုးမျိုး၊ စက်မှုလုပ်ငန်းသုံးစက်၊ အသံချဲ့စက်၊ ရုပ်မြင်သံကြား၊ ထရန် စစ္စတာ၊ ရေဒီယို၊ သယ်ယူပို့ဆောင်ရေး၊ ရပ်ကွက်၊ ပွဲလမ်းသဘင်တွေ သတ္တုတူးဖော်ရေး၊ ကုန်ထုတ်လုပ်ငန်း၊ သစ်တောလုပ်ငန်း၊ စက်မှုလုပ်ငန်းစဉ်များ၊ ကူးသန်းရောင်းဝယ်ရေး၊ လူနေအိမ်ရာဆောက်လုပ်ရေး ပရောဂျက်တွေ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ လေ၊ ရေအားလျှပ်စစ်၊ ဂီတဖျော်ဖြေပွဲများနဲ့ အားကစားပွဲတွေကနေ အပန်းဖြေလှုပ် ရှားမှုများ၊ မြက်ခင်းပြင်ထိန်းသိမ်းမှု၊ ခွေးဟောင်သံ၊ ပြုပြင်မွမ်းမံမှုများ၊ အိမ်တွင်းပါတီများ၊ လေအေးပေးစက်တွေ အဆုံးထွက်ပေါ်လာလေ့ရှိပါတယ်။ နေ့စဉ်ဘဝမှာ အထင်ရှားဆုံးဆူညံသံညစ်ညမ်းမှုကတော့ သယ်ယူပို့ဆောင်ရေး၊ စက်မှုလုပ်ငန်းနဲ့ ဆောက် လုပ်ရေးတို့ကနေ လာပါတယ် (Mallinen, 2023)။ မြက်ရိတ်စက်အသံ၊ မြေအောက် ရထားအသံနဲ့ကျယ်လောင်တဲ့ရော့ခ်ဂီတဖျော်ဖြေပွဲတွေက 90 decibels နဲ့အထက်ရှိပါတယ် (Society, Noise Pollution, 2023)။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း လူတွေရဲ့နေ့စဉ်ဘဝမှာ ဆူညံသံတွေ တိုးပွားလာတာကြောင့် လူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ကျန်းမာရေးဆိုင်ရာဆိုးကျိုးတွေ ဖြစ်ပေါ်လာ ကြောင်း ဖော်ပြထားပါတယ်။ လူတိုင်းသိနားလည်ထားရမယ့် လူသား၊ တောရိုင်းတိရစ္ဆာန်တွေနဲ့အပင်တွေအပေါ် အသံညစ်ညမ်းမှုရဲ့တနေ့တနေ့ဝါးမျိုခံရမှုကလည်း လွန်စွာစိတ်ဝင်စားဖို့ကောင်းပါတယ်။

၁။    အသံညစ်ညမ်းမှုက လူသားတွေရဲ့စိတ်၊ အာရုံကြော၊ နှလုံးနဲ့သွေးတိုးရောဂါဆိုင်ရာ ကျန်းမာရေးတွေကို တဖြည်းဖြည်းထိခိုက်စေနိုင်ပါတယ်။ ခေတ်သစ်တွေ့ရှိချက်တွေအရ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿ နာတွေနဲ့ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အမူအကျင့်ပြောင်းလဲမှု၊ အလိုလိုဒေါသထွက်တတ်ခြင်း၊  သွေးခဲ ခြင်း၊ အလိုလိုမောပန်း နွမ်းနယ်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ အာရုံကြောဆိုင်ရာပြဿနာတွေကိုပါ ထိခိုက် စေတဲ့အထိ ဆိုးကျိုးကြုံရနိုင်ပါတယ် (ဟယ်လ်သင်, 2018)။ နိုင်ငံတကာဖြစ်ရပ်တွေကို လေ့လာတဲ့အခါမှာ လည်း India၊ ဥရောပနဲ့ အမေရိကန်နိုင်ငံတွေမှာ ဆူညံသံကြောင့်ဆိုးရွားတဲ့ ကျန်းမာရေးကျ ဆင်းမှုတွေရှိ နေကြောင်းသိရပါတယ်။ Lennell ရဲ့ ၂၀၁၇ Loudest City in India မှာဖော်ပြမှုအရ နယူး ဒေလီမှာရှိတဲ့ လူတွေကအသက် ၅၀ နဲ့ ၆၀ နှစ် အစောပိုင်းတွေမှာ အကြားအာရုံဆုံးရှုံးနိုင်ခြေ ပိုများကြောင်း ကိုလေ့လာ တွေ့ရှိခဲ့ပါတယ်။ EEA က ထုတ်ပြန်ပြီး ဥရောပမှာရှိတဲ့ သန်းပေါင်းများစွာသောလူတွေရဲ့ကျန်းမာရေးနဲ့ ကျန်းမာရေးကိုထိခိုက်စေတဲ့ ပတ်ဝန်းကျင်ဆူညံမှု အစီရင်ခံစာအရ တနှစ်အတွင်းမှာ နှလုံးသွေးကြော ကျဉ်းရောဂါအသစ် ၄၈,၀၀၀ ၊ အရွယ်မတိုင်ခင်သေဆုံးမှု ၁၂,၀၀၀ ၊ နာတာရှည်စိတ်အနှောင့်အယှက်တွေ ကြုံနေရတဲ့ လူပေါင်း ၂၂ သန်း၊ အိပ်ရေးပျက်ခြင်းဝေဒနာကိုခံစားရတဲ့ လူပေါင်း ၆ ဒသမ ၅ သန်းနဲ့ လေယာဉ်အသံ ကြောင့် စာဖတ်အားနည်းတဲ့ ကလေး ၁၂,၅၀၀ ရှိကြောင်းဖော်ပြပါတယ် (Peris, 2021)။ အမေရိကန်နိုင်ငံ က သန်း ၃၀ လောက်က ၂၀၀၁ နဲ့ ၂၀၀၈ ခုနှစ်ကြားမှာပဲ ၁၂ နှစ်အထက်အရွယ်တွေမှာ နားနှစ်ဖက်စလုံး မှာ အကြားအာရုံဆုံးရှုံးမှုတွေရှိခဲ့ပြီး လက်ရှိမှာလည်းအဆမတန် အကြားအာရုံဆုံးရှုံးမှု များတိုးပွားနေသလို ယင်းကဲ့သို့အကြားအာရုံဆုံးရှုံးမှုနဲ့ ပတ်သက်ပြီး  အမေရိကန်ပြည်ထောင်စုက တတိယအဖြစ်အများဆုံးဖြစ် ကြောင်း သိရပါတယ် (Health, 2018)။ ဒါကြောင့် လူသားတွေကမိမိတို့နားရဲ့ခံနိုင် ရည်စွမ်းအားကိုနား လည်ထားဖို့လိုအပ်ပါတယ်။ လူ့ရဲ့နားတွေကပုံမှန်အနေနဲ့ ဆူညံသံကို 85 decibels အထိသာခံနိုင်ရည်ရှိ ကြပြီး ဒီထက်ပိုကြာလာတဲ့အခါ အကြားအာရုံဆုံးရှုံးနိုင်ခြေရှိကြောင်းဖော်ပြထားပြီး 65 decibels အထက် ညစ်ညမ်းအသံတွေကလည်း သွေးပေါင်ချိန်တိုးခြင်း၊ နှလုံးခုန်နှုန်းနဲ့သွေးအတွင်း စိတ်ဖိစီးမှုဟော်မုန်းတွေ တိုးလာနိုင်ကြောင်းဖော်ပြပါတယ် (Lee, Anderson, Orwig, 2018)။ 

၂။    ဆူညံသံရဲ့သက်ရောက်မှုတွေထဲမှာ အိမ်မွေးတိရစ္ဆာန်တွေ၊ တောရိုင်းတိရစ္ဆာန်တွေရဲ့မျိုးပွားနှုန်း၊ အလေ့ အကျင့်၊ ရှင်သန်နိုင်စွမ်းနဲ့ အနှောင့်အယှက်တွေကိုဖြစ်စေတဲ့အကြောင်းလည်း အရေးတကြီးထည့်သွင်း ပြောဆိုရမှာပါ။ လူတွေနဲ့အနီးကပ်ဆုံးနေထိုင်တဲ့ အိမ်၊ ခြံနဲ့ တိရစ္ဆာန်ရုံတွေမှာရှိတဲ့ တိရစ္ဆာန်တွေကလည်း ဆူညံသံတွေကိုခံစားရပါတယ်။ သို့သော် အိမ်နေတိရစ္ဆာန်တွေအတွက် တာဝန်ယူမှုမေ့လျှော့နေတဲ့အပိုင်း အဖြစ်ကျန်ရှိနေဆဲဖြစ်ပါတယ်။ ငါးတွေကလည်း ပြင်းထန်တဲ့ဆူညံသံကြောင့် အကြားအာရုံထိခိုက် ကြပါတယ် ( Fay Clark, Jacob Dunn, 2022)။ ရေနေသတ္တဝါအများအပြားက အဏ္ဏဝါဆူညံသံတွေ ကြောင့်ဖွံ့ဖြိုးမှုနောက်ကျခြင်း၊ မျိုးပွားခြင်းကိုတားဆီးစေခြင်း၊ ကြီးထွားမှုပြဿနာနဲ့ရွှေ့ပြောင်းသွားလာ မှုလမ်းကြောင်းတွေပျက်ယွင်းခြင်းတွေကိုကြုံနေကြရပါတယ်။ ဆူညံသံညစ်ညမ်းမှုကြောင့် တိရစ္ဆာန် တွေရဲ့အလေ့အကျင့်အချို့ကို ခက်ခဲစေပြီးရှင်သန်နိုင်စွမ်းကိုလည်းထိခိုက်စေပါတယ်။ လင်းပိုင်တွေက ကျယ်လောင်သောအသံကို အာရုံခံစားလွယ်တာကြောင့် အကြားအာရုံဆုံးရှုံးခြင်း ဒါမှမဟုတ် သေဆုံးခြင်း အထိကြုံနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့အရေအတွက်အများဆုံးလင်းပိုင် (Sousa chinensis) ၂,၀၀၀ ကျင်လည်ကျက်စားတဲ့ ဟောင်ကောင်ပင်လယ်က ကြီးမားတဲ့ ကုန်တင်သင်္ဘောကြီးတွေ၊ မြန်နှုန်းမြင့်ဂျက် လေယာဉ်တွေနဲ့အဆူညံဆုံးနေရာတခုဖြစ်ပြီး လွန်ခဲ့တဲ့ ၁၅ နှစ် ကထက် လင်းပိုင်တွေအရည်အတွက် ၈၀ ရာခိုင်နှုန်းကျဆင်းသွားပြီဖြစ်ကြောင်း  WWF ကဖော်ပြခဲ့ပါတယ် (Yeung, 2022)။ အပြာရောင်ဝေလငါး တွေလို မျိုးသုဉ်းလုနီးမျိုးစိတ်တွေရဲ့အစာရှာဖွေခြင်းဖြစ်စဉ်တွေကလည်း အသံဆူညံမှုရဲ့ဆိုးကျိုးကိုခံ စားရစေပါတယ်။  ဒါ့အပြင်ဆူညံသံတွေက ရေအောက်ကိုရောက်ရှိနိုင်ပြီး ရေနေသတ္တဝါနဲ့သားကောင် တွေရဲ့လမ်းရှာဖွေမှု၊ အဖော်တွေနဲ့ဆက်သွယ်ခြင်းနဲ့ မိမိတို့နဲ့သက် ဆိုင်တဲ့အဖွဲ့၀င်များတွေနဲ့ ဆက်သွယ်တဲ့ နေရာမှာဟန့်တားနိုင်ကြောင်းသိရပါတယ်။  

၃။    အသံညစ်ညမ်းမှုက မြေပေါ်မြေအောက်ရှိ အပင်(plants) တွေနဲ့ ပင်လယ်မြက်ပင်(seagrass) တွေအပေါ် မှာလည်းဆိုးရွားတဲ့ထိခိုက်မှုရှိစေတာကို အံ့ဖွယ်တွေ့ရပါတယ်။ သိပ္ပံပညာရှင်တွေအနေနဲ့ မြေထဲပင်လယ် မှာရှိတဲ့မြက်ပင်တွေရဲ့ထိခိုက်မှုကို ငလျင်ပေါက်ကွဲမှုအဆင့်ရှိတဲ့ အသံတွေနဲ့စမ်းသပ်တဲ့အခါ ထူးခြားစွာ ပင်လယ်မြက်တွေပြင်းထန်စွာပျက်စီးကြောင်းတွေ့ရှိခဲ့ကြပါတယ် (Bakker, 2023)။ ဒီလိုပဲ ဆူညံသံ တွေက ကုန်းပေါ်မှာရှိတဲ့သစ်ပင်တွေနဲ့အပင်များတွေအပေါ်ကြာရှည်သက်ရောက်မှုရှိကြောင်း ဂေဟစနစ် ထဲကအပင်တွေကို ထိခိုက်စေနိုင်ကြောင်းသိပ္ပံပညာရှင်တွေက မကြာသေးမီကတွေ့ရှိခဲ့ကြပါတယ်။ သဘာ ဝဓာတ်ငွေ့တွင်းတွေကနေ ကျယ်လောင်တဲ့အသံခံစားရတဲ့ သစ်ပင်တွေကိုလေ့လာတဲ့အခါ ဆူညံသံညစ် ညမ်းမှုများကြောင့် ပျိုးပင်များပြန့်ပွားမှုနှင့် ထင်းရှူးပင်ပေါက်ပွားမှုကိုအနှောင့်အယှက်ဖြစ်စေကြောင်း တွေ့ရှိခဲ့ကြပါတယ်။ မြင့်မားတဲ့အသံပမာဏကို ပုံမှန်ထိတွေ့ထားတဲ့ အပင်တွေကရေရှည်ဖွံ့ဖြိုးတိုးတက် မှုလည်းမရှိကြောင်း သုတေသီတွေကလည်းထောက်ခံကြပါတယ် (Kgobotlo, 2021)။ ဒါကြောင့်အပင် တွေက ဆူညံသံရှိတဲ့နေရာတွေမှာကျဆင်းလာတတ်ပြီး အချို့သောအပင်တွေကဆူညံသံကြောင့် မကြီး ထွားတော့ဘဲ ရပ်တန့်သွားတဲ့ဖြစ်ရပ်တွေကိုသိရှိနိုင်ပါတယ်။

အသံညစ်ညမ်းမှုဆိုင်ရာ စာရေးသူ ဒေါက်တာ Eoin King က ပညာရှင်တွေ၊ မူဝါဒချမှတ်သူတွေနဲ့ သာမန်ပြည် သူတွေကပတ်ဝန်းကျင်ဆိုင်ရာ ဆူညံသံတွေအကြောင်း သိရှိမှုအားနည်းနေဆဲဖြစ်ကြောင်း ပြောပါတယ်။ မြို့ ကြီးတွေရဲ့ အကြားအာရုံဆုံးရှုံးနိုင်ခြေ မြှင့်တက်လာမှုကြောင့် Mimi Hearing Technologies အဖွဲ့က World Hearing Index ကိုဖန်တီးခဲ့ပြီး ကမ္ဘာတဝန်းမှာရှိတဲ့အသုံးပြုသူ 200,000 ရဲ့အကြားအာရုံစမ်းသပ် မှုရလဒ် တွေကိုလေ့လာခဲ့ပါတယ်။ ဒါကြောင့် အသံညစ်ညမ်းမှုဆိုးကျိုးရလဒ်တွေကိုလေ့လာ သိရှိထားသူတွေအ နည်းအကျဉ်းက မြို့ပြဧရိယာတချို့မှာ ဆူညံသံလျော့ပါးစေရေး စီမံချက်တွေကိုရေးဆွဲဖို့ဆိတ်ငြိမ်တဲ့နေရာ များကို ထိန်းသိမ်းထားဖို့ ဥရောပအဖွဲ့ဝင်နိုင်ငံတွေကိုပတ်ဝန်းကျင်ဆူညံမှုဆိုင်ရာ ညွှန်ကြားချက်တွေထုတ်ပြန် ခဲ့ပါတယ် (Keegan, 2018)။ ကမ္ဘာ့ဒေသအလိုက် ဆူညံသံညစ်ညမ်းမှု အဆိုးဆုံးနေရာတွေကိုဖော်ပြရာမှာ ဒါကာ (ဘင်္ဂလားဒေ့ရှ်)၊ မိုရာဒါဘတ် (အိန္ဒိယ)၊ အစ္စလာမာဘတ် (ပါကစ္စတန်)၊ ရာဂျာရှာဟီ (ဘင်္ဂလားဒေ့ရှ်) နဲ့ ဟိုချီမင်းစီးတီး (ဗီယက်နမ်) တို့ပါဝင်ပြီး Ibadan (Nigeria)၊ Algiers (Algeria)၊ New York (USA)၊ London (UK)၊ Barcelona (Spain) နဲ့ Tokat (တူရကီ) စတဲ့နိုင်ငံတွေလည်း ပါဝင်ပါတယ် (Ramos, 2022)။

အဆိုပါ ဖြစ်ရပ်တွေကို ဆန်းစစ်ခြင်းအားဖြင့် အသံညစ်ညမ်းမှုက ပတ်ဝန်းကျင်ပြဿနာတွေထဲက အသံတိတ် ဒုက္ခပေးတဲ့ရောဂါတခုဖြစ်ကြောင်းငြင်းဆိုမရနိုင်ပါဘူး။ ဆိုလိုတာက ကျယ်လောင်တဲ့အသံကနေ တိတ်ဆိတ် ပြင်းထန်တဲ့ရောဂါဖြစ်တည်နေပုံပါပဲ။  ဆူညံသံက လူ့ကျန်းမာရေး၊ တောရိုင်းတိရစ္ဆာန်နဲ့ အပင်တွေလို သဘာဝပတ် ဝန်းကျင်အထိ မြင်သာထင်သာတဲ့အထိ ထိခိုက်လာစေတဲ့အတွက်လျှော့မတွက်နိုင်တဲ့ ခြိမ်းခြောက်မှုတခုလိုသတ် မှတ်ထားရမှာဖြစ်ပါတယ်။  မြို့ကြီးတွေနဲ့ နိုင်ငံကြီးတွေက အသံညစ်ညမ်းမှုနဲ့ဆူညံမှုပြဿနာတွေကို အနာဂါတ် မှာလည်းပိုမိုတွေ့ကြုံရဖို့ရှိပြီး နည်းပညာတိုးတက်လာတာနဲ့အမျှ ဆူညံသံညစ်ညမ်းမှုကိုအမြန်ဆုံးကိုင်တွယ်ဖြေ ရှင်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ပစ္စုပ္ပန်နှင့်အနာဂတ်မျိုးဆက်တွေအတွက် ကျန်းမာတဲ့လူမှုအသိုက်အဝန်းအဖြစ် ဖန်တီးနိုင်ဖို့ထိရောက်တဲ့ မြို့ပြစီမံကိန်း၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ လူထုအသိပညာပေးလှုံ့ဆော်မှုတွေကိုလုပ် ဆောင်ကြဖို့ အကျိုးဖြစ်စေမယ့် လမ်းစတွေကိုလည်း ရှာဖွေထားသင့်ပါပြီ။ နိုင်ငံခေါင်းဆောင်တွေသာမက လူတိုင်း မှာလည်းတာဝန်ရှိပြီး မြို့ပြ၊ အသံညစ်ညမ်းမှုကင်းမဲ့ဇုန်တွေကို စီမံခန့်ခွဲဖို့အတွက် အသိပညာနဲ့ ပညာရေးကဏ္ဍ တွေမှာလည်း အသံညစ်ညမ်းမှုဆိုင်ရာအကြောင်းအရာတွေကိုထည့်သွင်းပြီး အသံညစ်ညမ်းမှု ရောဂါကို တိုက်ခိုက် ခုခံဖို့ အချိန်ကျနေပါပြီ။

References
Fay Clark, Jacob Dunn. (2022, August 24 ). This is how noise pollution can harm animals. Retrieved from aru.ac: https://www.aru.ac.uk/news/noise-pollution-is-hurting-animals#:~:text=Wi....
Bakker, K. (2023, January 3). Opinion Oceans. Retrieved from theguardian: https://www.theguardian.com/commentisfree/2023/jan/03/noise-pollution-is...
Explainers, F. (2022, March 28). India. Retrieved from firstpost: https://www.firstpost.com/india/too-loud-top-10-noisiest-cities-in-the-w...
Health, N. C. (2018, December 11). Loud Noise Can Cause Hearing Loss. Retrieved from cdc: https://www.cdc.gov/nceh/hearing_loss/public_health_scientific_info.html
Keegan, M. (2018, March 8 ). Extreme Cities. Retrieved from theguardian: https://www.theguardian.com/cities/2018/mar/08/where-world-noisiest-city
Kgobotlo, B. (2021, May 9 ). Environment. Retrieved from mg.co.za: https://mg.co.za/environment/2021-05-09-noise-pollution-affects-plants-a...
Lee, Anderson, Orwig. (2018, January 27). Science. Retrieved from businessinsider: https://www.businessinsider.com/noise-pollution-effects-human-hearing-he....
Mallinen, K. (2023, March 1 ). How is noise pollution caused? Retrieved from slrconsulting: https://www.slrconsulting.com/insights/how-is-noise-pollution-caused/
Peris, E. (2021, May 11). Noise pollution is a major problem, both for human health and the environment. Retrieved from eea.europa: https://www.eea.europa.eu/articles/noise-pollution-is-a-major#:~:text=Lo...
Ramos, J. (2022, June 15). Noise Pollution. Retrieved from tomorrow.city: https://tomorrow.city/a/what-is-noise-pollution-impact-asia-america-euro...
Rinkesh. (n.d.). Causes and Effects of Noise Pollution on Humans and Animals. Retrieved from conserve-energy-future: https://www.conserve-energy-future.com/causes-and-effects-of-noise-pollu...
Society, N. G. (2023, July 19). Noise Pollution. Retrieved from education.nationalgeographic: https://education.nationalgeographic.org/resource/noise-pollution/
Society, N. G. (2023, July 19 ). Resource. Retrieved from education.nationalgeographic: https://education.nationalgeographic.org/resource/noise-pollution/
Waddington, E. (2022, August 14 ). Earth Stories. Retrieved from earth.fm: https://earth.fm/earth-stories/noise-pollution-and-its-impact-on-wildlif...
Yeung, P. (2022, December 12). Newsletters. Retrieved from nationalgeographic: https://www.nationalgeographic.com/animals/article/noise-pollution-hurts...
ဟယ်လ်သင်. (2018, May 8 ). အသံဆူညံခြင်း (Noise Pollution) က ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်စေနိုင်လဲ. Retrieved from burma.irrawaddy: https://burma.irrawaddy.com/lifestyle/2018/05/08/158015.html

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly