“အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု” ‘ဘယ်လိုလုပ်မလဲ၊​ ဘယ်တော့လုပ်သင့်လဲ’ | Editors' Talk - Ep (19)

“အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု” ‘ဘယ်လိုလုပ်မလဲ၊​ ဘယ်တော့လုပ်သင့်လဲ’ | Editors' Talk - Ep (19)

အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု (Transitional Justice) လုပ်ငန်းစဥ်တွေကို မဖြစ်မနေ ဦးစားပေး ချမှတ် အကောင်အထည်ဖော်ဆောင်သွားမယ်လို့ NUG နဲ့ NUCC တို့ ပူးတွဲထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုတာ ဘာကိုပြောတာပါလဲ၊ အဲဒီလုပ်ငန်းစဥ်တွေကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ဖို့ ဘယ်လိုအခြေအနေတွေ လိုအပ်ပါသလဲ၊ အဲဒီလုပ်ငန်းစဥ်တွေက အခုကိုပဲ စလုပ်သင့်ပါပြီလား၊ ဘယ်အချိန် ဘယ်ကာလမှာ စလုပ်သင့်ပါသလဲ စတာတွေကို အခုတပတ် ဆွေးနွေးခန်းမှာ နားဆင်ကြရပါမယ်။

ဥပဒေရေးရာ သုတေသီတဦးဖြစ်သူ မရိုဇာလင်း ဇာဟောင်း၊ နိုင်ငံရေးအကျဥ်းသားဟောင်းတဦးဖြစ်ပြီး နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အမှုဆောင်အဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ ကိုအောင်မျိုးကျော်တို့နဲ့ ကိုကျော်ကျော်သိန်းက မေးမြန်း ဆွေးနွေးထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required