မြန်မာ ဒုက္ခသည်ကလေးငယ် ၆,၀၀၀ ကျော် အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်ကျောင်းများ၌ ကျောင်းအပ်နှံ တက်ရောက်

မြန်မာ ဒုက္ခသည်ကလေးငယ် ၆,၀၀၀ ကျော် အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်ကျောင်းများ၌ ကျောင်းအပ်နှံ တက်ရောက်

မြန်မာ ဒုက္ခသည်ကလေးငယ် ၆,၀၀၀ ကျော်သည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အစိုးရကျောင်းများ၌ ကျောင်းအပ်နှံ တက်ရောက်လျက် ရှိကြောင်း ပြည်နယ်ပညာရေးဝန်ကြီး လယ်ချ်ဟန်ဒါမာ ရယ်လ်တီက ဩဂုတ် ၉ ရက်တွင် ပြောသည်။

မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရ်ပြည်နယ်တို့မှ ရောက်လာသော ဒုက္ခသည်ကလေးငယ် ၈,၁၀၀ ကျော်သည် မီဇိုရမ်ပြည်နယ်၏ အစိုးရကျောင်းများတွင် ကျောင်းအပ်နှံထားကြခြင်း ဖြစ်ကြောင်း ရယ်လ်တီက ပြောသည်။

စစ်အာဏာသိမ်းမှု ဖြစ်ခဲ့သော မြန်မာနိုင်ငံမှ ဒုက္ခသည် ၃၅,၀၀၀ ခန့်၊ ဘင်္ဂလားဒေ့ရှ်၏ ပဋိပက္ခသင့် စစ်တကောင်းတောင်တန်းဒေသမှ ဒုက္ခသည် ၁,၀၀၀ ကျော်နှင့် လူမျိုးစုရေး အကြမ်းဖက်မှုဒဏ်သင့် မဏိပူရ်ပြည်နယ်မှ လာသော ပြည်တွင်းနေရပ်စွန့်ခွာရသူ (IDPs) ၁၂,၆၀၀ ကျော်သည် လက်ရှိတွင် မီဇိုရမ်ပြည်နယ်တွင် ရောက်ရှိနေကြသည်။

မီဇိုရမ်ရှိ ကျောင်းများတွင် ကျောင်းအပ်နှံထားကြသည့် ကျောင်းသား ၈,၁၁၉ ဦးအနက် ၆,၃၆၆ ဦးသည် မြန်မာနိုင်ငံမှ ဖြစ်ပြီး ၂၅၀ ဦးသည် ဘင်္ဂလားဒေ့ရှ် နှင့် ၁,၅၀၃ ဦးသည် မဏိပူရ်မှ လာသော ကျောင်းသားများဖြစ်သည်ဟု မစ္စတာ ရယ်လ်တီက ပြောသည်။

ဇို မျိုးနွယ်စုများမှ ဖြစ်သော ယခုကလေးငယ်များကို ပညာသင်ကြားခွင့်ပေးအပ်ရန် မီဇိုရမ်အစိုးရက စိတ်ပိုင်းဖြတ် ကတိပြုကြောင်းနှင့် ထိုကျောင်းသားများကို ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဖတ်စာအုပ်များ အခမဲ့ ပေးထားသလို ဒေသခံ ကျောင်းသားများကဲ့သို့ပင် နေ့လယ်စာများ ကျွေးမွေးပေးလျက် ရှိကြောင်း ၎င်းက ပြောသည်။

မြန်မာတွင် ၂၀၂၁ ၊ ဖေဖေါ်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက် ကလေးများနှင့် အမျိုးသမီးများအပါအဝင် မြန်မာနိုင်ငံသား ၃၅,၀၀၀ ခန့်သည် အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်၌ ရောက်ရှိခိုလှုံနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly