အဆိုတော် နီတာအား မြိတ်မြို့ အနုပညာရှင်များ စုပေါင်း၍ ဆုချီးမြှင့်

အဆိုတော် နီတာအား မြိတ်မြို့ အနုပညာရှင်များ စုပေါင်း၍ ဆုချီးမြှင့်

ရန်ကုန်၊ ဧပြီ ၅ ။        ။ အဆိုတော် နီတာ၏ အချိန်မရွေး တစ်ကိုယ်တော် အခွေထဲမှ မငိုပါနဲ့ သီချင်းက Youtube တွင် ၆လ အတွင်း လူကြည့် အများဆုံးဖြစ်ခဲ့သည့် အတွက် မြိတ်မြို့မှ အနုပညာရှင်များ စုပေါင်းပြီး ဆု ချီးမြှင့်ခဲ့သည်။

အဆိုပါ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဧပြီ ၅ရက်တွင် ရန်ကုန်မြို့ရှိ Central Hotel ၌ ပြုလုပ်ခဲ့သည်။

ထို တေးသီချင်းကို အဆိုတော် နီတာမှ ကိုယ်တိုင်တီး၊ ကိုယ်တိုင်ဆို၊ ကိုယ်တိုင် Music Arrangement လုပ်ခဲ့သည့် ကိုယ်ပိုင်သံစဉ် သီချင်းအသစ်လည်း ဖြစ်သည်။

"ဒီဆု ရတာက အဓိက ပရိတ်သတ်ကြောင့်ပါ။ ပရိသတ် အားပေးမှုကြောင့်သာ ကျွန်တော် ဒီဆုကို ရတာပါ။ ပရိသတ် အားပေးမှုများခဲ့တာရယ် ကျွန်တော်က မြိတ်သား တစ်ဦးလည်း ဖြစ်တာကြောင့် မြိတ်မြို့က အနုပညာရှင်တွေ စုပေါင်းပြီး အခုလို ချီးမြှင့်တာပါ" ဟု အဆိုတော် နီတာက ပြောသည်။

မငိုပါနဲ့ သီချင်းသည် Youtube တွင် ၆လ အတွင်း လူကြိုက် အများဆုံး နှင့် ပရိသတ် ကြိုက်နှစ်သက်များပြားခဲ့သည့် တေးသီချင်းတစ်ပုဒ် ဖြစ်သည်။

ထို တေးသီချင်း အတွက် မြိတ်မြို့မှ အနုပညာရှင်များမှ အဆိုတော်နီတာအား အမှတ်တရ ဂုဏ်ပြုဆု နှင့် ရွှေစင်ဆု တို့ကို ချီးမြှင့်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required