စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံစေဖို့ မဟာမိတ်တွေနဲ့ လက်တွဲဆောင်ရွက်မယ်လို့ အမေရိကန်ပြော

စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံစေဖို့ မဟာမိတ်တွေနဲ့ လက်တွဲဆောင်ရွက်မယ်လို့ အမေရိကန်ပြော

စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံစေမယ့် နိုင်ငံရေးနဲ့ စီးပွားရေးနည်းလမ်းတွေ အသုံးချနိုင်ဖို့ အမေရိကန်နိုင်ငံက မိတ်ဖက်တွေ၊ မဟာမိတ်တွေနဲ့ ဆက်လက်ပြီး လက်တွဲဆောင်ရွက်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်းဖော်ပြထားပါတယ်။

မတရား ထိန်းသိမ်းခံရသူတွေကို လွှတ် ပေးရေး၊ အကြမ်းဖက်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ အဆုံးသတ်ရေး၊ လူသားချင်းစာနာမှု အကူအညီတွေ အဟန့်အတားမရှိ ပေးအပ်ခွင့်ပြုရေး၊ အသက်ရှင်ကျန်ရစ်သူတွေအ တွက် တရားမျှတမှုရရှိရေးနဲ့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းသော ဒီမိုကရေစီအနာဂတ် ဖော်ဆောင်ဖို့ သက်ဆိုင်သူ အားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ အမေရိကန်နိုင်ငံက ဆက်လက် တောင်းဆိုမယ်လို့ အဆိုပါထုတ်ပြန်ချက်က ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုနဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီမျှော်မှန်းချက်ကို ပမာမ ခန့်ပြုမှုက ပဋိပက္ခကို တာရှည်စေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

လွန်ခဲ့သောနှစ်နှစ်ခွဲကျော်က ဒီမိုကရေစီနည်းကျ အစိုးရတစ်ရပ်ကို ဖြုတ်ချပြီးနောက်ပိုင်း အာဏာသိမ်း စစ်ကောင်စီဟာ ရာနဲ့ချီတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ကာ ထောင်ပေါင်းများစွာသော နေအိမ်များကို မီးရှို့ခဲ့ပြီး ပြည်သူ ၁ ဒသမ  ၆ သန်းကို အိုးအိမ်စွန့်ခွာစေခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ် ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

မြန်မာနိုင်ငံက အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုတွေ ပိုဖြစ်လာချိန်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အရေး ပေါ်အခြေအနေ ခြောက်လသက်တမ်းတိုးတာနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်တယ်လို့လည်း အမေရိကန်နိုင်ငံက ပြောပါတယ်။

ဖမ်းဆီးထောင်ချခံနေရတဲ့  ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နှစ်အနည်းငယ် လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တာကြောင့်တော့ မြန်မာနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုရဲ့ ရပ်တည်မှု ပြောင်းလဲလာစရာမရှိပဲ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် မတရားဖမ်းဆီးခံရသူအားလုံး ကို အမြန်ဆုံးပြန်လွှတ်ဖို့ တောင်းဆိုတယ်လို့ အမေရိကန်ပြည်ထောင်စုက တုန့်ပြန်ထားပါတယ်။

ဒါကိုတော့ အမေရိကန်နိုင်ငံခြားဝန်ကြီးရေးဌာန ပြောခွင့်ရသူ Matthew Miller က အင်္ဂါနေ့ နေ့စဉ်သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုသွားတာပါ။ 

စစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေကို ရပ်ဖို့၊ လူသားချင်းစာနာကူညီမှုတွေ ခွင့်ပြုဖို့၊ နစ်နာခံစားရသူတွေအတွက် တရားမျှတမှုရှာဖွေဖို့၊ ငြိမ်းချမ်းပြီး တရားမျှတတဲ့ အနာဂတ် ဒီမိုကရက်တစ် မြန်မာနိုင်ငံအတွက် အစုအဖွဲ့အားလုံး ထိစပ်ညှိုနှိုင်းဆောင်ရွက်ဖို့ ဆက်ပြီးတိုက်တွန်းသွားမယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းကတည်းက မတည်ငြိမ်မှုတွေ၊ လက်နက်ကိုင်ပုန်ကန်မှုတွေ အခုအချိန်အထိ ရှိနေပါတယ်။

စစ်ကောင်စီဟာ နိုင်ငံအတွင်း အကြမ်းဖက်သတ်ဖြတ်တာတွေ ပိုဆိုးလာနေတယ်၊ လုံခြုံရေးဆောင်ရွက်ဖို့ လိုအပ်နေသေးတယ်လို့ အကြောင်းပြပြီး အာဏာသိမ်းအရေးပေါ်ကာလကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နောက်ထပ် ခြောက်လထပ်တိုးခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required