ရှမ်း-ကယားနယ်စပ် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်

By ကိုဇာနည် (မဇ္ဈိမ)
21 July 2023
ရှမ်း-ကယားနယ်စပ် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်

ကရင်နီပြည်နယ်၊ ရှမ်း-ကယားနယ်စပ်၊ ပီကင်းကောခူနှင့် ဝါရီကောခူကျေးရွာအနီး၌  ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ယမန်နေ့ ဇူလိုင်လ ၂၀ရက် ညနေ ၆နာရီ အချိန်ခန့်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံထံမှ သိရသည်။

"ညနေ ၆ နာရီဝန်းကျင်မှာ စစ်ကြောင်းထိုးလာတယ်၊ ခဏနေတော့ သေနတ်သံ အကြီးရောအသေးရော စကြားရတယ်၊ လက်နက်ကြီးက ရွာထဲအထိ ကျလာတယ်၊ ပီးကင်းကောခူနဲ့ ဝါရီကောခူရွာနှစ်ရွာလုံးက ညတွင်းချင်း ရွာလုံးကျွတ် ထွက်ပြေးနေရတယ်  "ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှု အခြေအနေကို မသိရသေးဘဲ စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာ ရထားသည်ဟု သိရသည်။

ထိခိုက်ဒဏ်ရာရသူ သုံးဦးသည်  ပီးကင်းကောခူ ကျေးရွာက နှစ်ဦးနှင့် ဝါရီကောခူ ကျေးရွာက တစ်ဦးတို့ဖြစ်ပြီး ယနေ့ နံနက်ပိုင်းအထိ လက်နက်ကြီးပစ်ခတ်သံများ ကြားနေရသည်ဟုလည်း သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required