စစ်ကောင်စီလက်ထက် မြန်မာပြည်ရဲ့ အော့ဇဝစ် ငရဲခန်းတွေ

By မဇ္ဈိမ 
07 July 2023
စစ်ကောင်စီလက်ထက် မြန်မာပြည်ရဲ့ အော့ဇဝစ် ငရဲခန်းတွေ

ဇူလိုင်လ ၂ ရက်နေ့က မြင်းခြံအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားကိုစိန်ဝင်း ရုတ်တရက် အစာအိမ် သွေးကျောပေါက်လို့ သေဆုံးတယ်ဆိုပြီး မိသားစုဝင်တွေကို ထောင်က အကြောင်းကြားလာတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဆိုပါတယ်။

ကိုစိန်ဝင်းရဲ့ ရုပ်အလောင်းကို ထောင်အာဏာပိုင်တွေရဲ့ အစီအစဉ်နဲ့ သင်္ဂြ ိုဟ်လိုက်တာဖြစ်ပြီး မြေချတဲ့ အချိန်မှာ မိသားစုဝင်တွေ ရှိခွင့်ရပေမယ့် ကိုစိန်ဝင်းရဲ့ ရုပ်အလောင်းကို သေသေချာချာ ကြည့်ခွင့်မရဘူးလို့ သိရပါတယ်။

ဆေးစစ်ချက်မှာ အစာအိမ်သွေးကျောပေါက်တယ်လို့ ရေးထားပေမယ့် ယုံကြည်လို့မရဘူးလို့လည်း မိသားဝင်တွေနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။

မြင်းခြံမြို့နယ် မကျီးစုရွာသား ကိုစိန်ဝင်းဟာ ပုဒ်မ ၅၀၅ - က၊ အကြမ်းဖက်ပုဒ်မတွေနဲ့ တရားစွဲခံထားရပြီး စုစုပေါင်း ထောင်ဒဏ် ၉ နှစ် အကျခံထားရတာ ဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required