လမိုင်းမြို့က နယ်မြေရဲစခန်းနဲ့  ဌာနဆိုင်ရာရုံးအများစုကို ပိတ်ထား (ရုပ်/သံ)

By ဂျူချန်း (မဇ္ဈိမ)
27 June 2023
လမိုင်းမြို့က နယ်မြေရဲစခန်းနဲ့  ဌာနဆိုင်ရာရုံးအများစုကို ပိတ်ထား (ရုပ်/သံ)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့မှာ ရဲစခန်းနဲ့ ရုံးတွေ အားလုံးနီးပါးကို စစ်ကောင်စီက ပိတ်ထားရပြီး ဌာနဆိုင်ရာလုပ်ငန်းတွေကိုတော့ ရေးမြို့မှာရှိတဲ့ ရုံးတွေနဲ့ ပူးတွဲလုပ်ဆောင်နေကြရတယ် လို့ မြို့ခံတွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက မဇ္ဈိမကို ပြောပါတယ်။

လက်ရှိမှာ မြို့မ(၂) ရပ်ကွက်မှာရှိတဲ့ ကျန်းမာရေးဦးစီးဌာနရုံးနဲ့ စည်ပင်သာယာရုံးတွေကိုပဲ ဖွင့်ထားပြီး ကျန်တဲ့ ဌာနဆိုင်ရာရုံးတွေအားလုံးကိုတော့ စစ်ကောင်စီကပိတ်ထားတယ်လို့ မြို့ခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က လမိုင်းမြို့လယ်ခေါင်၊ နာရီစင်အနီးမှာ စစ်ကောင်စီနဲ့နီးစပ်တဲ့ မှတ်ပုံတင် ပွဲစား မစန်းမြင့်ကြွယ်ပစ်သတ်ခံရပြီးတဲ့နောက် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကြားမှာ ထိတ် လန့် နေကြတယ်လို့ သိရပါတယ်။

ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကတော့ စစ်ကောင်စီထောက်တိုင်တွေကို ဘယ်နေရာမှာပဲဖြစ်ဖြစ် အဆုံးထိ တိုက်ခိုက်သွားမှာဖြစ်တယ်လို့ မဇ္ဈိမကို ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ရေးမြို့နယ်ကို စစ်ကောင်စီကစစ်အုပ်ချုပ်ရေး ကြေညာထား ပြီး အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုစားနေပါတယ်။

ရေးမြို့က နယ်မြေရဲစခန်းတွေမှာလည်း ရဲတပ်သားတွေမရှိကြတော့ဘဲ ရေးမြို့မရဲစခန်းမှာပဲ ရဲတွေစုနေ ကြတာကြောင့် ဒေသခံတွေအနေနဲ့ အမှုကိစ္စတွေကို အုပ်ချုပ်ရေးမှူးတွေကနေတဆင့်ပဲတိုင်ကြား ဖြေ ရှင်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တင်ဆက်/တည်းဖြတ် ဂျူချန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required