သမ္မတဦးထင်ကျော်အား အမေရိကန် သမ္မတအိုဘားမား ဂုဏ်ပြု

သမ္မတဦးထင်ကျော်အား အမေရိကန် သမ္မတအိုဘားမား ဂုဏ်ပြု

အရပ်သားဦးဆောင်သော အစိုးရတစ်ရပ်ကို တင်မြှောက်နိုင်ခြင်းအဖြစ် သမ္မတသစ် ရွေးကောက်တင်မြှောက်မှုသည် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးတွင် သမိုင်းဝင်မှတ်တိုင်တစ်ရပ်ဖြစ်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက ပြောသည်။

သမ္မတဦးထင်ကျော်က သမ္မတအဖြစ် ကျမ်းသစ္စာဆိုခြင်းသည် မြန်မာအစိုးရအပေါ် စစ်တပ်၏ ထိန်းချုပ်မှုနှစ် ၅၀ ကျော်ကာလနောက်ပိုင်း ငြိမ်းချမ်းစွာအသွင်ကူးပြောင်းရေးကို ဖော်ဆောင်ခြင်းကို ပြသကြောင်းလည်း အိုဘားမားက ပြောသည်။

အသက် ၇၀ ရှိသည့် ဦးထင်ကျော်သည် အာဏာရNLD ပါတီ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်ရသူတစ်ဦးဖြစ်သည်။

မြန်မာနိုင်ငံတွင် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးမှုကို ဖော်ဆောင်နိုင်ရေးနှင့် ပြည်သူတို့၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များအား မြှင့်တင်ရေးစသည့် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ကြောင်း အိုဘားမားက ပြောသည်။

သို့သော် မြန်မာနိုင်ငံ၏ ရှေ့ဆက်ရမည့် လမ်းကြောင်းတွင် အမေရိကန်အနေဖြင့် ရင်းနှီးသောမိတ်ဖက်အဖြစ် ဆက်လက်ရှိသွားမည်ဖြစ်ကြောင်း အိုဘားမားက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required