KNDF တပ်ရင်း (၁) က ထောက်ပို့တပ်သား ၂,၀၀၀ ခေါ်ယူ

By နောင်နောင် (မဇ္ဈိမ)
13 June 2023
KNDF တပ်ရင်း (၁) က ထောက်ပို့တပ်သား ၂,၀၀၀ ခေါ်ယူ

ကရင်နီပြည်နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ကို အားကောင်းကောင်းနဲ့ တိုက်ခိုက်နေတဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၁) က ထောက်ပို့တပ်သား ၂,၀၀၀ ခေါ်ယူနေတယ်လို့ တပ်ရင်း (၁) ရဲ့ ဒု-ထောက်ပို့ တာဝန်ခံ မမိထော်က မဇ္ဈိမကို ပြောပါတယ်။

လက်ရှိမှာတော့ ထောက်ပို့တပ်သား အရေအတွက် ၃၅၀ လောက် လက်ခံရရှိထားပြီ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ကရင်နီဒေသမှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့  KNDF၊ ‌တော်လှန်ရေး အင်အားစု ပူးပေါင်းတပ်တွေအကြား နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အတူ လက်နက်ခဲယမ်းဖိုး လိုအပ်ချက်တွေကလည်း အရင်ကထက် မြင့်တက်လာ နေတာပါ။ 

တပ်ဖွဲ့တစ်ခု၊ အဖွဲ့အစည်းတစ်ခုမှာ ထောက်ပို့ဟာ အင်မတန် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပြီး လက်ရှိမှာ ထောက်ပို့ငွေရှာဖွေမှုဟာ အရင်နှစ်တွေကထက် ပိုခက်ခဲလာတယ်လို့လည်း ဆိုပါတယ်။

KNDF တပ်ရင်း (၁) ၊ ထောက်ပို့ဌာနက ဒု-ထောက်ပို့တာဝန်ခံ မမိထော်ကို ကိုနောင်နောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

တည်းဖြတ်= နောင်နောင်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required