“Running Man” အစီစဉ်တွင် Hyeri ၊ Winner အဖွဲ့ဝင် ဆောင်မင်နိုနှင့် နမ်ထယ်ဟွန်း တို့ ပါဝင် သရုပ်ဆောင်မည်

“Running Man” အစီစဉ်တွင် Hyeri ၊ Winner အဖွဲ့ဝင် ဆောင်မင်နိုနှင့် နမ်ထယ်ဟွန်း တို့ ပါဝင် သရုပ်ဆောင်မည်

တောင်ကိုရီးယား အမျိုးသမီးအဆိုတော်အဖွဲ့ Girl’s Day အဖွဲ့ဝင် Hyeri၊ အမျိုးသားအဆိုတော် အဖွဲ့ Winner အဖွဲ့ဝင် ဆောင်မင်နိုနှင့် နမ်ထယ်ဟွန်းတို့သည် လူကြိုက်များမှု ရရှိထားသည့် SBS ရုပ်သံ၏ “Running Man” အစီစဉ် အပိုင်း ၂၉၄ တွင် ဧည့်သည် သရုပ်ဆောင်များအဖြစ် ပါဝင် ဆောင်ရွက်သွားမည် ဖြစ်သည်။

SBS ရုပ်သံက ၎င်းတို့၏ တရားဝင် Instagram အကောင့်တွင် ဆောင်မင်နို၊ နမ်ထယ်ဟွန်း နှင့် Hyeri တို့သည် “Running Man” အဖွဲ့ဝင်များနှင့်အတူ မတ်တပ်ရပ်နေသော ဓာတ်ပုံကို တင်ခဲ့ပြီး “Running Man episode 294 filming in Seoul” ဟု စာသားကို ရေးသားထားကာ အတည်ပြု ပြောကြားထားသည်။

“Running Man” အစီစဉ်တွင် Hyeri သည် ခေါင်းဆောင်မင်းသမီးနေရာမှ ပါဝင်သရုပ်ဆောင် သွားမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။ ယင်းအစီစဉ်သည် Hyeri ဦးနှောက်အမြှေးရောင် ရောဂါမှ သက်သာလာပြီးနောက် ပထမဆုံး ရိုက်ကူးမည့် ရုပ်မြင်သံကြား အစီစဉ်ဖြစ်သည်။” Running Man” အစီစဉ်ကို  အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ညနေ ၄ နာရီ ၅၀ အချိန်တွင် ပြသလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required