လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပြီး  ရခိုင်ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ  လေပြင်းတိုက်ခတ်နိုင်တယ်လို့ မိုးဇလသတိပေး

By ဂျူချန်း (မဇ္ဈိမ)
02 June 2023
လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပြီး  ရခိုင်ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ  လေပြင်းတိုက်ခတ်နိုင်တယ်လို့ မိုးဇလသတိပေး

လာမယ့် ဇွန်လ ၅ရက်နေ့ကနေ  ၁၀ရက်နေ့အတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ချေရှိပြီး  ရခိုင်ကမ်းရိုးတန်းဒေသ၊ ကမ်းလွန်ပြင်လယ်ပြင်နှင့် မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်းက မဇ္ဈိမ ကိုပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က  ရခိုင်ကမ်းရိုးတန်း၊ ကျောက်ဖြူနဲ့စစ်တွေမြို့အနီးကို  ဗဟိုပြုဝင်ရောက်ခဲ့တဲ့ အင်အားပြင်းမိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ အပျက်အစီးများပြားခဲ့ပြီး ၉၀ ရာခိုင်နှုန်းအထက် ထိခိုက်ပျက်စီးခဲ့ရပါတယ်။ ဒါ့အပြင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့မှာလည်း ပျက်စီးဆုံးရှုံးမှု‌တွေ ရှိခဲ့ပြီးပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေကို အခုလက်ရှိအချိန်အထိ လုပ်ကိုင်နေရဆဲဖြစ်ပါတယ်။

အဲ့ဒီလို အ‌ခြေအနေမှာ နောက်ထပ် လေဖိအားနည်းရပ်ဝန်းဖြစ်လာပြီး မုန်တိုင်းဘေး နောက်တစ်ကြိမ် ရင်ဆိုင်ရမှာကို ရခိုင်ပြည်နယ်ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required