မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်သည့် တအာင်းတပ်မတော်(TNLA)၊ ကိုးကန့်တပ်မတော်(MNDAA)၊ ရက္ခိုင့်တပ်တော်(AA) တို့ နှင့်စစ်ကောင်စီကိုယ်စားလှယ်များ ဇွန်လ ၁ရက်တွင်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ သက်ဆိုင်ရာဌာနများ၏ ကြားဝင်ညှိနှိုင်းပေးမှုအရ လာမည့် ဇွန်လ ၁ ရက်နေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူး ဒေသ ၄ မိုင်းလားမြို့ တွင် တွေ့ဆုံမည်ဟုသိရသည်။
အဆိုပါ ဆွေးနွေးပွဲကို မိုင်းလား၌ ပြုလုပ်မည်ဖြစ်ရာ နေထိုင်စားသောက်မှုနှင့် လုံခြုံရေးများကို မိုင်းလားအဖွဲ့က တာဝန်ယူမည်ဟု ဆိုသည်။
ထို့ပြင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာကော့ပေါင်သည်လည်း ဆွေးနွေးပွဲကိုယ်စားလှယ်အဖြစ် ပါဝင်ဆောင်ရွက်ရန် မိုင်းလားမြို့သို့ ရောက်ရှိနေပြီဟု အသိပေးထားသည်။