Girl’s Generation အဖွဲ့ဝင် တေးယွန် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပထမဆုံးအကြိမ် ကျင်းပမည်

Girl’s Generation အဖွဲ့ဝင် တေးယွန် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပထမဆုံးအကြိမ် ကျင်းပမည်

တောင်ကိုရီးယား အမျိုးသမီးအဆိုတော်အဖွဲ့ Girl’s Genertion အဖွဲ့ဝင် တေးယွန်သည် တစ်ကိုယ်တော်ဖျော်ဖြေပွဲ ပထမဆုံးအကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်း၏ အေဂျင်စီ SM Entertainment က ပြောကြားသည်။

“Taeyeon , Butterfly Kiss” အမည်ရှိ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို Olympic Gymnastic အားကစားကွင်းတွင် ဧပြီ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ တေးယွန် သည် လွန်ခဲ့သည့်နှစ် အောက်တိုဘာက SM ၏ ဖျော်ဖြေပွဲအစီစဉ် “The Agit” တွင် ပါဝင်ဖျော်ဖြေခဲ့ ပြီးနောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

တေးယွန်သည် အနုပညာလောကအတွင်းသို့ စတင်ဝင်ရောက်ခဲ့သည့် Girl’s Genertion အဖွဲ့ဝင်တစ်ယောက်အဖြစ် အပြင် တစ်ကိုယ်တော် အဆိုတော်အဖြစ် လုပ်ဆောင်သွားရန် စဉ်းစားထား သူတစ်ဦး ဖြစ်သည်။ တေးယွန်သည် တစ်ကိုယ်တော် တေးသီချင်း “Rain”ထွက်ရှိပြီးနောက် ၂၀၁၅ ခုနှစ်က ပထမဆုံး တစ်ကိုယ်တော် တေးအယ်လ်ဘမ် “ I ” နှင့်အတူ တစ်ကိုယ်တော်ပွဲ ဦးထွက် ဖျော်ဖြေပွဲကို ကျင်းပခဲ့သည်။

“Taeyeon, Butterfly Kiss” ဖျော်ဖြေပွဲအတွက် လက်မှတ်များကို မတ် ၃၀ ရက်နေ့ ည ၈ နာရီအချိန်မှ စတင်ကာ YES24 ကုမ္ပဏီမှတစ်ဆင့် ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required