ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် အူမကြီးကင်ဆာဖြစ်

ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် အူမကြီးကင်ဆာဖြစ်

စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် အူမကြီးကင်ဆာရောဂါဖြစ်ပွားသဖြင့် မကြာသေးခင်က ကုသမှုခံယူခဲ့ရကြောင်း နေပြည်တော်ရှိသတင်းရင်းမြစ်များအပြောအရသိရသည်။

စစ်ကောင်စီ၏ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သော အသက် ၆၂ နှစ်အရွယ် ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်သည် အူမကြီးကင်ဆာရောဂါကြောင့် ခွဲစိတ်ကုသမှုကို စင်္ကာပူနိုင်ငံတွင်ခံယူခဲ့ရပြီး ဧပြီလ ၅ ရက်နေ့က ရန်ကုန်မြို့သို့ပြန်ရောက်သည်ဟုဆိုသည်။

သူ၏ ဆေးကုသခံရယူမတိုင်မီ နောက်ဆုံးရုံးတက်ခဲ့ခြင်းက နေပြည်တော်ရှိပြည်ထဲရေးရုံးတွင် မတ်လ ၂၄ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်ဟိုင်းနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ 

ယခုအခါ ရုံးပြန်လည်တက်ရောက်နိုင်ခြင်းမရှိသေးဘဲ သူ၏တာဝန်များကို ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီသို့လွှဲအပ်ထားရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required