သွေးစွန်းငွေလာရာ MOGE ကို ပိတ်ဆို့အရေးယူပေးရန်တောင်းဆိုသည့် ကျေးရွာပေါင်းစုံ သပိတ်

By ပါခွီး (မဇ္စျိမ)
06 April 2023
သွေးစွန်းငွေလာရာ MOGE ကို ပိတ်ဆို့အရေးယူပေးရန်တောင်းဆိုသည့် ကျေးရွာပေါင်းစုံ သပိတ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာ ပေါင်းစုံသပိတ်ကော်မတီနှင့် ပြည်သူများပူးပေါင်းပြီး သွေးစွန်းငွေလာရာ MOGE ကို ပိတ်ဆို့အရေးယူပေး ရန် တောင်းဆိုချီတက်ခဲ့ကြသည်။

လူထုသပိတ်သည် ဧပြီလ ၆ ရက်နေ့တွင် “ သွေးစွန်းငွေလာရာ MOGE ကို ချက်ချင်း ပိတ်ဆို့အရေးယူပေး” စာတမ်းကိုင်ဆောင်ပြီး ကြွေးကြော်သံများဟစ်ကြွေး ချီတက်ခဲ့ကြသည်။

ယနေ့သည် ကျေးရွာပေါင်းစုံသပိတ်၏(၇၅၈)ရက်မြောက်ဆန္ဒပြပွဲဖြစ်ပြီး ချီတက်ရာတွင်ပါဝင်လာ သူများကို ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် လက်ကမ်း စာစောင်များလည်း ဝေငှခဲ့ကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာပေါင်းစုံသပိတ်စစ် ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required