တော်လှန်အလှူပွဲ ပူးပေါင်းချီတက်သည့် ရွာပေါင်းစုံသပိတ်

By ပါခွီး(မဇ္စျိမ)
21 September 2023
တော်လှန်အလှူပွဲ ပူးပေါင်းချီတက်သည့် ရွာပေါင်းစုံသပိတ်

စစ်ကိုင်းတိုင်း ၊ ယင်းမာပင် မြို့နယ်အတွင်းရှိ ကျေးရွာတရွာတွင် တော်လှန်အလှူပွဲကျင်းပခဲ့ရာ ရွာပေါင်းစုံသပိတ်နှင့် ယင်းမာပင်မြောက်ခြမ်း ကျေးရွာ များသပိတ်စစ်ကြောင်းတို့ ယနေ့ စက်တင်ဘာလ ၂၁ ရက်တွင် ပူးပေါင်းချီတက်ခဲ့ကြသည်။

သားရှင်ပြု ၊ သမီးနားသ တော်လှန်အလှူပွဲ လှည့်လည်ရာတွင် ပါဝင်သူများမှ လက်သုံးချောင်းထောင်၍ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။

ရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်းသည် “ငါတို့သံမတ် ၊ ငါတို့အသံ Our Ambassador – Our Voice ၊ တော်လှန်အလှူ”  စသည့် စာတမ်းနှင့် ဦးကျော်မိုးထွန်း ရုပ်ပုံများကို ကိုင်စွဲပြီး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ခြင်း ဖြစ်သည်။

ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့ ချီတက်မှုသည် သပိတ်စစ်ကြောင်း၏ ၉၁၃ ရက်မြောက် ချီတက်ကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly