“သူရဲကောင်းတို့မျှော်ရည်ချက် ပြည်သူ့အားနဲ့ ဆက်ချီတက်” ဟူသည့် ကျေးရွာပေါင်းစုံသပိတ် 

By ပါခွီး (မဇ္စျိမ)
24 July 2023
“သူရဲကောင်းတို့မျှော်ရည်ချက် ပြည်သူ့အားနဲ့ ဆက်ချီတက်” ဟူသည့် ကျေးရွာပေါင်းစုံသပိတ် 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းမှ ကျေးရွာများစုပေါင်းပြီး  စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဇူလိုင်လ ၂၄ ရက် ယနေ့တွင် “သူရဲကောင်းတို့မျှော်ရည်ချက် ပြည်သူ့အားနဲ့ ဆက်ချီတက်” ဟူသည် စာတမ်းကိုင်ဆောင်ကာ ချီတက်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲများအတွင်းကျဆုံးခဲ့သည့် အာဇာ နည်များ၏ မျှော်လင့်ချက်များ၊ တောင့်တချက်များကို ပြည်သူများအနေဖြင့် ၎င်းတို့ကိုယ်စား စုစည်း တော်လှန်တိုက်ပွဲဝင်ပေးကြပါရန် တောင်းဆိုသည့်အနေဖြင့် ချီတက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ယင်းမာပင်နှင့် ဆာလင်းကြီးမြို့နယ်များအတွင်း ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှစတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် သပိတ်စစ် ကြောင်း၏ (၈၅၄) ရက်နေ့မြောက်ဖြစ်ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly