တာလီဘန် အကြမ်းဖက်သမားတွေရဲ့ လက်အောက်က လွတ်မြောက်ဖို့ အာဖဂန်အမျိုးသမီးတွေ Crypto ရဲ့ ဆောက်ရွက်ချက်

တာလီဘန် အကြမ်းဖက်သမားတွေရဲ့ လက်အောက်က လွတ်မြောက်ဖို့ အာဖဂန်အမျိုးသမီးတွေ Crypto ရဲ့ ဆောက်ရွက်ချက်
(ယခု ဆောင်းပါးကို Bitcoin Myanmar Initiative မှ ထောက်ပံ့ထားသည်။)

https://www.facebook.com/bitcoin.MM.initiatve

မြန်မာနိုင်ငံ အာဏာသိမ်းခံရပြီး လအနည်းအကြာ ဩဂုတ်လ ၂၀၂၁ မှာ တာလီဘန်တို့ မြို့တော် ကဘူးလ် ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ သိတဲ့ အတိုင်း UN နဲ့ အမေရိကန်အပါအဝင် တခြားသော အင်အားကြီးနိုင်ငံတွေက လက်နက်ကိုင်ပြီး အာဏာလူတဲ့ တာလီဘန်တွေကို စာထုတ်ရှုတ်ချပါတယ်။ အရေးကြီးတဲ့ နိုင်ငံရေးသမားတွေ၊ သတင်းမီဒီယာသမားတွေ နဲ့ သူတို့ နိုင်ငံအတွက် အကျိုးရှိနိုင်မယ့် အာဖဂန်နိုင်ငံသားတွေကို တတိယနိုင်ငံရောက်အောင် ကူညီကယ်ထုတ်ခဲ့ပါတယ်။

အာဖဂန်အမျိုးသမီးတွေ အတွက် အဆင့်မြင့်နည်းပညာ သင်တန်းပေးနေတဲ့ Digital Citizen Fund ကို တည်ထောင်တဲ့ Roya Mahboob ဟာ အရင်တည်းက အာဖဂန်အမျိုးသမီးတွေ အတွက် Bitcoin (သို့) တခြားသော Crypto အမျိုးအစားကို သုံးပြီး လစာ ပေးနေသူပါ။ အကြောင်းရင်းကတော့ အာဖဂန်အမျိုးသမီး တော်တော်များများမှာ ဘဏ်အကောင့် မရှိကြပါဘူး။ ထုံးတမ်းအစဉ်အလာအရ အာဖဂန်အမျိုးသမီးတွေရဲ့ ဝင်ငွေတွေဟာ အိမ်ထောင်စုမှာ ရှိတဲ့ အမျိုးသားတစ်ဦးထံကို အပ်နှံရပါတယ်။ ဒီလို Bitcoin ဒါမှမဟုတ် Cryptocurrency တစ်ခုခု ပုံစံအနေနဲ့ သိမ်းထားခြင်း အားဖြင့် အမျိုးသားတွေထံ ကိုယ့်ရဲ့ ဝင်ငွေ အပြည့်အပ်စရာမလိုတော့ပါဘူး။

သူမက “ကျွန်မတို့ အနေနဲ့ crypto အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပေးဖို့လိုမယ် ယုံကြည်တယ်။ ဒါဆို အာဖဂန်လူမျိုးတွေ အတွက် crypto wallet တွေ ပိုရှိလာပြီး သူတို့ ငွေလိုရင် အချိန်မရွေးသုံးလို့ရနိုင်တယ်။ လူကုန်ကူးသူတွေ၊ အခွင့်အာဏာရှိသူတွေက ဒီစနစ်ကြီးထဲမှာ အခွင့်ကောင်းယူနေချိန်မှာ ဒီလို Crypto နည်းပညာက ဘဏ်အကောင့်မရှိတဲ့ အမျိုးသမီးတွေနဲ့ တခြားသော အာဖဂန်နိုင်ငံသားတွေ အတွက် အများကြီး အကျိုးရှိနိုင်မှာပါ” လို့ ပြောထားပါတယ်။

Code to Inspire ဆိုတဲ့ အမျိုးသမီးတွေ အတွက် ဒစ်ဂျစ်တယ်နည်းပညာ သင်တန်းကျောင်း တည်ထောင်ထားတဲ့ အာဖဂန်အမျိုးသမီး Fereshteh Forough ဟာလည်း အာဖဂန်မှာ အာဏာမသိမ်းခင် အမျိုးသမီးတွေ အတွက် ကွန်ပြူတာကျွမ်းကျင်မှုနဲ့ ငွေကြေးဆိုင်ရာ မှန်ကန်တဲ့ ရပ်တည်မှုတွေကို သင်ကြားပေးနေသူပါ။ တာလီဘန်အကြမ်းဖက်သမားတွေ အာဏာသိမ်းပြီးသွားချိန်မှာတော့ စီးပွားရေးအလွန်အမင်းကျဆင်းမှုနဲ့ အတူ သူမရဲ့ ကျောင်းသူ တော်တော်များများ အလုပ်ပြုတ်သွားခဲ့ပါတယ်။ အမေရိကန် ဘဏ်တွေကနေ တဆင့် အရေးပေါ် ငွေသားတွေကို ဘဏ်အကောင့်ရှိသူတွေထံ လွှဲပေးဖို့ ကြိုးစားပေမယ့် အဆင် မပြေခဲ့ပါဘူး။ အမေရိကန် စီးပွားရေးပိတ်ဆို့မှုကြောင့်ရော၊ အာဖဂန်ဘဏ်တွေရဲ့ ငွေကြေး ပြန်လည် ထုတ်ယူမှု ကန့်သက်ချက်ကြောင့်ပါ။ နောက်ဆုံးမှာတော့ သူမ အနေနဲ့ Binance လုပ်ငန်းနဲ့ ပူးပေါင်းပြီး အာဖဂန်အမျိုးသမီး ၁၀၀ ကို ကန်ဦး Crypto အသုံးပြုနည်း သင်ပေးခဲ့ပါတယ်။

အစောပိုင်းမှာ ရှင်းပြရဖို့ အရမ်းခက်ခဲပေမယ့် နောက်ပိုင်းမှာတော့ ပညာပေး video အနေနဲ့ ဖန်တီးပြီး အချိန်ယူ ကြိုးစားချိန်မှာတော့ လူအများစု နားလည် သွားတယ်လို့ သူမက ပြောထားပါတယ်။ Binance မှာ stable coin တွေ ဖြစ်တဲ့ USDT, USDC စတဲ့ အမေရိကန်ဒေါ်လာနဲ့ ညီမျှတဲ့ coin တွေကို ကိုင်ထားပြီး သူတို့ရဲ့ ငွေကြေးကို အသုံးပြုစေခဲ့ပါတယ်။ ဘဏ်အကောင့်တွေ မကြာခဏ ပိတ်ခံရလေ့ရှိတဲ့ အာဖဂန်မှာ အာဖဂန် အမျိုးသမီးတွေအနေနဲ့ ဘယ်နေရာကို သွားသွား နည်းပညာအသုံးပြု ငွေကြေးစနစ်ရှိတာကြောင့် ဘယ်သူ့ကိုမှ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကြောက်စရာမလိုတော့ပါဘူး။

အာဖဂန်နစ္စတန်မှာ မြန်မာပြည်လိုဘဲ တာလီဘန်တွေက လမ်းမှာ ဖုန်းစစ်ဆေးတာမျိုးတွေ ရှိပါတယ်။ အမျိုးသမီးတွေ အနေနဲ့ ကိုယ့်ရဲ့ password / seedphrase တွေကို ခေါင်းထဲမှာ မှတ်ထားပြီး ဖုန်းပေါ်မှာရှိတဲ့ application ကို ဖြုတ်ထားပြီး နေ့စဉ် သွားလာလှုပ်ရှားနေကြပါတယ်။ တာလီဘန်အကြမ်းဖက်သမားတွေဟာ အင်တာနက် နည်းပညာ နားလည်မှုမှာ အလွန်နောက်ကျပါတယ်။ ဒါဟာလည်း အာဖဂန် ပြည်သူတွေ အတွက် အလွန်ကောင်းတဲ့ အခွင့်အရေး ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း ပေါက်ကြားခဲ့တဲ့ အထူးလျှို့ဝှက် အကြမ်းဖက် တိုက်ဖျက်ရေး ဗဟိုအဖွဲ့ အစည်း မှတ်တမ်းအရ စစ်အာဏာရှင်တော်လှန်တဲ့ social media အကောင့်တွေကို hack လုပ်ဖို့ hacker အဖွဲ့ဖွဲ့စည်းသင့်ကြောင်း၊ PDF game ဆော့တဲ့ လူတွေကို ဖမ်းမည် ဖြစ်ကြောင်း ဆွေးနွေးမှုများကို လေ့လာခွင့်ရခဲ့ပါတယ်။ ဒါကြောင့် စစ်တပ်အဖွဲ့ဝင်တွေရဲ့ နည်းပညာကို ထိန်းချုပ်နိုင်မှုဟာ ခေတ်ကာလနဲ့ အတော်ဝေးဝေးမှာ ကျန်ခဲ့ပြီး တာလီဘန်တွေလိုပဲ နည်းပညာနဲ့ လှည့်စားခြင်းကို ဆက်လက်ပြီး ခံစားနေရဦးမှာပါ။

အကြောင်းအမျိုးမျိုးကြောင့် အာဏာရှင်လက်အောက်မှာ နေထိုင်နေရပေမယ့် နည်းပညာကို အသုံးပြုပြီး မိမိရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်တွေကို Crypto နဲ့ တဖြည်းဖြည်းချင်း အကောင်အထည်ဖော်နေတဲ့ အာဖဂန် ပြည်သူ အမျိုးသမီးတွေ အကြောင်းကို လေ့လာမိသလောက် ဖော်ပြပေးလိုက်ပါတယ်။

(ယခု Bitcoin Myanmar Initiative မှ ကျွန်တော်တို့ ခေတ်ရဲ့ လွဲမှားနေတဲ့ စနစ်၊ Bitcoin နှင့် တခြားသော နည်းပညာများ အကြောင်းကို မျှဝေသွားမည် ဖြစ်သည်။ မျှဝေချက်များမှာ ပညာရေး အတွက်သာ ရည်ရွယ်ချက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှု တိုက်တွန်းချက်မပါဝင်ပါ။)

Telegram တွင် စောင့်ဖတ်ရန် → https://t.me/BitcoinMyanmarEDU

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required