စစ်ကောင်စီထံ ပါတီ ၆ဝ ကျော် မှတ်ပုံတင် လျှောက်ထား၊  NLD အပါအဝင် ပါတီ ၄ဝ ကို ဖျက်သိမ်းကြောင်း ကြေညာ

စစ်ကောင်စီထံ ပါတီ ၆ဝ ကျော် မှတ်ပုံတင် လျှောက်ထား၊  NLD အပါအဝင် ပါတီ ၄ဝ ကို ဖျက်သိမ်းကြောင်း ကြေညာ

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ပြန်လည်မှတ်ပုံမတင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အပါအဝင် နိုင်ငံရေးပါတီပေါင်း ၄၀  ကို ဖျက်သိမ်းလိုက်ကြောင်း စစ်ကောင်စီဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မတ်လ ၂၈ ရက်ညမှာ ထုတ်ပြန်ကြေညာပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာအနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ အင်အားအကြီးဆုံး တိုင်းရင်းသားပါတီဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီတို့ကတော့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကိုရော၊ ရွေးကောက်ပွဲကော်မရှင်ကိုပါ အသိအမှတ်မပြုသလို ပါတီကိုပြန်ပြီး မှတ်ပုံတင်မှာမဟုတ်ဘူးလို့ကြေညာထားပါတယ်။

သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်းမရှိတဲ့ ပါတီ ၄၀ ဟာ အလိုလျောက် ပျက်ပြယ်ပြီးဖြစ်လို့ ဒီပါတီတွေကို မတ်လ ၂၉ ရက် ဒီကနေ့ကစတင်ပြီး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကနေ ပယ်ဖျက်ကာ ပါတီတွေကိုလည်း ဖျက်သိမ်းလိုက်တယ်လို့ စစ်ကောင်စီ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးရဲ့ အမိန့်နဲ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required