ပဋိပက္ခများဖြစ်ပေါ်နေပေမယ့်  စစ်ကောင်စီထံ မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီ  (၅၂) ခုရှိပြီး တိုင်းရင်းသားပါတီ(၂၆)ခုပါဝင်

ပဋိပက္ခများဖြစ်ပေါ်နေပေမယ့်  စစ်ကောင်စီထံ မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီ  (၅၂) ခုရှိပြီး တိုင်းရင်းသားပါတီ(၂၆)ခုပါဝင်

မြန်မာနိုင်ငံအတွင်း ပဋိပက္ခနဲ့ မတည်ငြိမ်မှုများဖြစ်ပေါ်နေပေမယ့်လည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်လျှောက်ထားတဲ့ ပါတီ(၅၂)ပါတီရှိပြီး ၎င်းတို့အထဲမှာ  တိုင်းရင်းသားပါတီ(၂၆)ခုထက်မနည်း ပါဝင်ကြောင်း သိရပါတယ်။

စစ်ကောင်စီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်းခဲ့ပြီးနောက် ရက်ပေါင်း(၆ဝ)အတွင်း ပါတီများအနေဖြင့် မှတ်ပုံပြန်တင်ရန်ကြေညာခဲ့ရာ လာမယ့် မတ်လ ၂၈ ရက်မှာ ရက်ပေါင်း(၆ဝ) ပြည့်မှာဖြစ်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသား ဦးကိုကိုကြီး ခေါင်းဆောင်တဲ့ ပြည်သူ့ပါတီ (PP) ဟာ မတ်လ ၂၄ ရက်နေ့က စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံတင်လိုက်ပါတယ်။

ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီအဖြစ် ပြည်သူ့ပါတီ မှတ်ပုံတင်လိုက်တာပါ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly