အာဆီယံအကောင်းဆုံး နိုင်ငံခြားသားတိုက်စစ်မှူး ငါးဦးစာရင်းတွင် ဆီဇာရွေးချယ်ခံရ

အာဆီယံအကောင်းဆုံး နိုင်ငံခြားသားတိုက်စစ်မှူး ငါးဦးစာရင်းတွင် ဆီဇာရွေးချယ်ခံရ
အာဆီယံအကောင်းဆုံးပြည်ပတိုက်စစ်မှူးစာရင်းဝင် ဆီဇာ။(ဓာတ်ပုံ- ရွှေဘုတ်)

ဇွန် ၃၀၊ ရန်ကုန်။ ။ ဂျပန်နိုင်ငံအခြေစိုက် footballchannel.com မှရွေးချယ်ခဲ့သော အာဆီယံဒေသတွင်းအကောင်းဆုံး နိုင်ငံခြားသားတိုက်စစ်မှူး ငါးဦးစာရင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းမှ ဘရာဇီးတိုက်စစ်မှူး ဆီဇာရွေးချယ်ခံခဲ့ရသည်။

အာဆီယံဒေသတွင်းလိဂ်ပြိုင်ပွဲများတွင်ကစားနေသည့် ပြည်ပကစားသမားများထဲမှ အကောင်းဆုံးငါးဦးကို ရွေးချယ်ဖော်ပြခဲ့ခြင်းဖြစ်ပြီး ဆီဇာနှင့်အတူ မလေးရှားကလပ် ဂျိုဟိုးအသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး ဖီဂွယ်ရိုအာ၊ ဗီယက်နမ်ကလပ် ဘင်ဒေါင်းအသင်းမှ ဆီနီဂေါတိုက်စစ်မှူး ဒီယန်၊ ဘရူနိုင်းကလပ် ဒီပီအမ်အမ်အသင်းမှ ဘရာဇီးတိုက်စစ်မှူး ရာဖေးလ်၊ ထိုင်းပရီးမီးယားလိဂ်ကလပ် ဘူရီယမ်အသင်းမှ ဘရာဇီးတိုက်စစ်မှူး ဆန်တို တို့ရွေးချယ်ခံခဲ့ရသည်။

အသက် ၂၉ နှစ်အရွယ် ဘရာဇီးတိုက်စစ်မှူး ဆီဇာသြဂတ်စတို မှာ ၂၀၁၂ဘောလုံးရာသီကတည်း မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းတွင်ကစားနေသူဖြစ်ပြီး အသင်းအတွက် လေးရာသီပေါင်းသွင်းဂိုး ၅၀ကျော်အထိသွင်းယူထားနိုင်ကာ ၂၀၁၂-၁၃၊ ၂၀၁၃-၁၄ ဘောလုံးရာသီများတွင် မြန်မာနေရှင်နယ်လိဂ်သွင်းဂိုးအများဆုံး ရွှေဖိနပ်ဆုကို ဆွတ်ခူးရရှိခဲ့သည်။ ၂၀၁၄ ဘောလုံးရာသီက ရန်ကုန်အသင်းချန်ပီယံဆုကို လက်လွှတ်ခဲ့ရသော်လည်း ဆီဇာက သွင်းဂိုး ၁၅ ဂိုးရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required