ဗိုလ်မထား ကျေးရွာပေါင်းစုံ PDF အဖွဲ့မှ သေနတ် ၁၀ မျိုးကို အောင်မြင်စွာထုတ်လုပ်

By ဂျူချန်း
11 March 2023
ဗိုလ်မထား ကျေးရွာပေါင်းစုံ PDF အဖွဲ့မှ သေနတ် ၁၀ မျိုးကို အောင်မြင်စွာထုတ်လုပ်

မဇ္ဈိမ ။။ မကွေးတိုင်း၊ မကွေးမြို့နယ် ဗိုလ်မထား ကျေးရွာပေါင်းစုံ PDF မှ လက်လုပ်သေနတ် ၁၀ မျိုးအား မတ်လ ၁၀ ရက်နေ့တွင် အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ကြောင်း ဗိုလ်မထားမှ မဇ္ဈိမကို ပြောသည်။

“တော်လှန်ရေးမှာ ရှိတာလေးနဲ့ တတ်တဲ့ ပညာလေးကို အသုံးချပြီး ကြိုးစားရုန်းကန်ခဲ့ရပါတယ်။ အခက်အခဲကတော့ လူတိုင်းမှာ ရှိကြတာပါပဲ။ ဘယ်သူ့ကိုမှ ဆိုးကြောင်း၊ ကောင်းကြောင်း မပြောဘဲ တော်လှန်ရေးးထဲမှာပဲ စိတ်နှစ်ပြီး အလုပ်လုပ်နေပါတယ်” ဟု ဗိုလ်မထားက မဇ္ဈိမကိုပြောသည်။

အဆိုပါ လက်လုပ်သေနတ် ၁၀ မျိုးမှာ ၁၆မောင်းပြန်၊ ၁၆ တစ်တောင့်ထိုး၊ ပွိုင့် ၂၂ အတို၊ ပွိုင့် ၂၂ အရှည်၊ မဂ္ဂနယ်၊ ၉မမ အတို၊ ၉မမ အရှည်၊ ကိုးလုံးကျည်၊ ကာဘိုင် နှင့် ၇၉ တို့ဖြစ်ပြီး ၂၀၂၂ ခုနှစ်ထဲတွင် စတင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး တစ်နှစ်ဝန်းကျင်ခန့် အချိန်ယူထုတ်လုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစမ်းသပ်ထုတ်လုပ်နိုင်ခဲ့သည့် လက်နက်များကို အခြားလိုအပ်သည့် တော်လှန်ရေးအဖွဲ့များဆီကိုလည်း မျှဝေသွားမည်ဖြစ်ကြောင်း ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required