သင်္ကန်းကျွန်း စံပြဆေးရုံရှေ့ မီးလောင်

By ကီရာ
02 March 2023
သင်္ကန်းကျွန်း စံပြဆေးရုံရှေ့ မီးလောင်

ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရားလမ်း စံပြဆေးရုံအရှေ့ရှိ LifePlusဆေးခန်းသည် မတ်လ ၂ရက် နံနက် ၁၁နာရီကျော်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု အဆိုပါအနီးအနားနေထိုင်သူများက ပြောသည်။

မီးပျက်၍ မီးစက်နှိုးရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ကြောင်း အဆိုပါ ပတ်ဝန်းကျင်က ခနိ့မှနိးပြောဆိုနေကြသည်။

" မီးပျက်လို့ မီးစက်နှိုးရင်းကနေ မီးထလောင်တယ်လို့လဲ ကနဦး သိထားရပါတယ်။ ‌မီးလောင်တာကတော့ စဖြစ်ကတည်းက တွေ့ရတာပဲ ၁၁ နာရီ ၁၅လောက်ကပေါ့။ မီးကတော့ တော်တော်ကြီးတယ်"ဟု အဆိုပါ အနီးအနားနေထိုင်သူတစ်ဦးကပြောသည်။

စံပြဆေးရုံရှေ့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည့်အတွက် ဆေးရုံရှိလူနာများသည်လည်း ထိတ်လန့်မှုဖြစ်ပွားခဲ့ကြပြီး ဆေးရုံအနီးတွင် အောက်စီဂျင်စက်ရုံရှိနေသည့်အတွက်လဲ စိုးရိမ်မှုများဖြစ်ပေါ်ခဲ့ရကြောင်း အဆိုပါဆေးရုံမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

" Oxygen plant ကြီးလည်း ဆေးရုံ‌နားမှာရှိနေတော့ အရမ်းစိုးရိမ်ခဲ့ရတယ်။ လူနာတွေကလည်း လန့်နေကြတာပေါ့။ အဲ့ဆေးခန်းကလဲ အခုမှဒီမှာ အသစ်လာဖွင့်တာ မနက်ဖြန်မှ ဖွင့်ပွဲလုပ်မှာလေ " ဟု ၎င်းက ပြောသည်။

‌မီးလောင်မှုကြောင့် လူထိခိုက်မှု ရရှိခြင်း မရှိဘဲ နာရီပိုင်းအတွင်း မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းကိုလည်း မြန်မာမီးသတ်ဌာနက လူမှုကွန်ရက်တွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly