အိန္ဒိယဘက်ကဖမ်းဆီးထားတဲ့ မြန်မာစစ်ဘေးရှောင်ပြည်သူတွေကို အင်ဖာထောင်သို့ပို့ဆောင် ထိန်းသိမ်းထား

အိန္ဒိယဘက်ကဖမ်းဆီးထားတဲ့ မြန်မာစစ်ဘေးရှောင်ပြည်သူတွေကို အင်ဖာထောင်သို့ပို့ဆောင် ထိန်းသိမ်းထား

 

အိန္ဒိယနိုင်ဘက်က ဖမ်းဆီးထားတဲ့ မြန်မာစစ်ဘေးရှောင် ပြည်သူတွေကို မဏိပူရပြည်နယ်ထဲမှာရှိတဲ့ အင်ဖာ်ထောင်သို့ ပို့ဆောင်ထိန်းသိမ်းထားတယ်လို့ အုပ်ချုပ်ရေး အသိုင်းအဝိုင်းက နီးစပ်သူတွေနဲ့ ဒေသခံတွေထံကနေ သိရပါတယ်။ စစ်ကိုင်းတိုင်းအတွင်းကတမူးဒေသတိုက်ပွဲတွေကြောင့်အိန္ဒိယဘက်သို့စစ်ဘေးရှောင်ခိုလှုံဖို့ဝင်ရောက်သွားခဲ့တဲ့မြန်မာနိုင်ငံသား ၁၀၀ ကျော်ခန့်ကိုအခုလပိုင်းအတွင်းမှာအိန္ဒိယနိုင်ငံဘက်က ဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။

အဲ့ဒီစစ်ဘေးရှောင်လာတဲ့မြန်မာနိုင်ငံသားအချို့ဟာအိန္ဒိယ-မြန်မာနယ်စပ်၊ မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့ နယ်ခွဲရှိ လန်းချန်းကျေးရွာနဲ့ နီးယူဆလ်ဘုန်းကျေးရွာတွေမှာ ခိုလှုံနေကြစဉ် အိန္ဒိယနိုင်ငံတာဝန်ရှိသူတွေဘက်က ဝင်ရောက်ဖမ်းဆီးထိန်းသိမ်းခဲ့ကြတာဖြစ်ပြီး အိန္ဒိယနိုင်ငံဘက်က သူတို့နယ်စပ်ဘက်ကျေးရွာတွေမှာ လာရောက်ခိုလှုံနေတဲ့ မြန်မာနိုင်ငံသားတွေကိုပတ်စိတ်တိုက်ရှာဖွေဖမ်းဆီးနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီပြင်အိန္ဒိယနိုင်ငံမဏိပူရပြည်နယ်ဝန်ကြီးချုပ်ကလည်းပြည်နယ်အတွင်းတရားမဝင်ဝင်လာသောမြန်မာပြည်သူ၊ပြည်သားတွေကိုနိုင်ငံသားတွေကလက်ခံထားရှိပါကတရားဥပဒေအတိုင်းအရေးယူသွားမှာဖြစ်ကြောင်းနှင့်မြန်မာတွေကိုဖမ်းပေးတဲ့ရဲဌာနကိုကျေးဇူးတင်ကြောင်းစာရင်းနဲ့တကွလှုံဆော်ထုတ်ပြန်ထားတာဖြစ်တယ်လို့ India for Myanmar အဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။

အဲ့ဒီစစ်ကိုင်းတိုင်းအတွင်းက ကလေး၊တမူးခရိုင်ဒေသတွေမှာဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်တို့ကြားစစ်ရေးတင်းမာမှုတွေရှိနေတာဖြစ်ပြီးမကြာခဏဆိုသလိုတိုက်ပွဲတွေလည်းဖြစ်ပွားနေတယ်လို့ သိရပါတယ်။ စစ်တပ် အာဏာသိမ်းမှုအပေါ် လက်နက်ကိုင်ခုခံတွန်းလှန်ရာတွင် အိန္ဒိယ-မြန်မာနယ်စပ်ဒေသ၊ တမူးမြို့နယ်အတွင်းရှိ ဒေသခံများသည် ရှေ့တန်းမှ ပါဝင်ခဲ့ကြပြီး ဒေသတွင်း အာဏာသိမ်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံသား အများအပြားမှာ အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံနေကြရပါတယ်။

အာဏာထိန်းသိမ်းမှုနောက်ပိုင်းအိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်ဘက်သို့ထွက်ပြေးတတိမ်းရှောင်နေရတဲ့မြန်မာဒုက္ခသည် ၄ သောင်းခန့်ရှိနေပြီး မဏိပူရပြည်နယ်မှာမြန်မာဒုက္ခသည် ၅၀၀၀ ကျော်နဲ့နယူးဒေလီမှာလူဦးရေ ၂၀၀၀ လောက်ရှိမယ်လို့ ဒုက္ခသည်အရေးလေ့လာသူတွေကဆိုကြောင်း နိုင်ငံတကာသတင်းဌာနတွေရဲ့ ဖော်ပြထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required