မြန်မာကော်ဖီ နိုင်ငံခြားစိတ်ဝင်စားမှုရ

မြန်မာကော်ဖီ နိုင်ငံခြားစိတ်ဝင်စားမှုရ

ရန်ကုန် ၊မတ် ၁၄ ။       ။ မြန်မာ့ကော်ဖီအပေါ် နိုင်ငံခြားဝယ်လက်များ စိတ်ဝင်စားမှုများရှိနေပြီး  ဈေးကောင်းရမည့် နေရာကို တင်ပို့ရောင်းချကြရန်အတွက်လည်း စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

" ဂျပန်တို့ ပြင်သစ်တို့ ပို့ဖို့စီစဉ်နေကြတယ်။ ကျွန်တော်တို့က procession plan  ဖြစ်တဲ့အတွက် ခြံရှင်တွေအပ်ထားတယ် သူတို့ကြိုက်တဲ့ ကာစတန်မာနဲ့ သူတို့ဈေးရတဲ့အပေါ် ရတဲ့ဟာကို ကျေနပ်မှု အပေါ်မှာဆုံးဖြတ်တဲ့သဘောရှိတယ်။ ကုမ္ပဏီအနေနဲ့ ဝယ်ထားတဲ့ ပစ္စည်းရှိတယ်။ ပြီးခဲ့တဲ့နှစ်ကကုမ္ပဏီအနေနဲ့ ကဂျပန်နိုင်ငံကို ကွန်တိန်နာတစ်လုံး တင်ပိုပြီးဖြစ်ပါတယ်။ ဒီနှစ်လည်း သူတို့လာကြည့်သွားတယ် ကျွန်တော်တို့က ရာသီမသိမ်းသေးပါဘူး ဒီရာသီပြီးတဲ့ အချိန်မှာတော့ သူတို့ဆုံးဖြတ်ကြမှာပါ။ "ဟု မြန်မာနိုင်ငံကော်ဖီအသင်း ဥက္ကဌ ဦးရဲမြင့် ကပြောသည်။

ယခင်က နယ်စပ်ဒေသကသာ ပြည်ပတင်ပို့နေရာသည့် အရည်အသွေးပိုင်းကို ဂရုမစိုက်နိုင်သလို ထိန်းသိမ်းနိုင်ခြင်းမပြုခဲ့ကြကြောင်း၊ ယခုဈေးကောင်းရမည့်နေရာသို့ ပို့ဆောင်မည့်အတွက် အရည်အသွေးပိုင်ကို ဂရုစိုက်ရန်လိုလာသည့်အတွက် စည်းမျည်းစည်းကမ်းများကို လိုက်နာကာ ထုတ်လုပ်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

" မြန်မာ့ကော်ဖီရဲ့ ဈေးကွက်က ပြည်တွင်းနဲ့ အိမ်နီးချင်းတရုတ်နိုင်ငံဖြစ်ပါတယ်၊ ဒီလိုပဲ ပြည်တွင်းမှာဆိုရင်လည်း နိုင်ငံပေါင်းစုံက ကော်ဖီအမှတ်တံဆိပ်မျိုးစုံ ရှိနေတာပါ။ အခုတော့ တစ်ခြားဈေးကောင်းရနိုင်မယ့် အခြေအနေတွေဖြစ်လာတော့ ကော်ဖီစိုက်တောင်သူတွေ ဘက်ကလည်းဈေးကွက်က ဝယ်လက်တွေဆီကနေ ငွေများများပိုရလာတယ်" ဟုကော်ဖီစိုက်တောင်သူ ဦးထွန်းမင်းသန်းက ပြောသည်။

မနှစ်က ကော်ဖီ တစ်တန်လျှင် ကျပ်သိန်း ၄၀ အမြင့်ဆုံးရခဲ့ပြီး ယခုနှစ် ကောိဖီ တစ်တန် ဈေးနှုန်းက ကျပ် ၃၉ သိန်းနှင့် သိန်း ၅၀ကြားဖြစ်နေကြောင်း၊ ယခုနှစ် မြန်မာ့ကော်ဖီကို လူသိများအချိန်  အထွက်နှုန်းကျသည့်အတွက်  စိုးရိမ်မှုလည်းရှိနေကြောင်း ငုရွှေလီကော်ဖီခြံ  ဦးထွန်းမင်းသန်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required