ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်နေသည့် တရုတ်ကို ကာကွယ်ဆေးအခမဲ့ပေးရန် ဥရောပသမဂ္ဂ ကမ်းလှမ်း

By Reuters
06 January 2023
ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်နေသည့် တရုတ်ကို ကာကွယ်ဆေးအခမဲ့ပေးရန် ဥရောပသမဂ္ဂ ကမ်းလှမ်း

တရုတ်နိုင်ငံတွင်   ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒများကို ဖြေလျှော့ပြီးနောက်တွင် ကူးစက်မှုများ မြင့်တက်လာသဖြင့် ဥရောပသမဂ္ဂက   တရုတ်နိုင်ငံအား ကိုဗစ်ကာကွယ်ဆေးအခမဲ့ပေးမည်ဟု ကမ်းလှမ်းခဲ့ကြောင်း ဥရောမသဂ္ဂ အမှုဆောင်အရာရှိက ဇန်နဝါရီ ၃ ရက်တွင် ပြောသည်။

အဆိုပါ ကမ်းလှမ်းချက်ကို တရုတ်နိုင်ငံက အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း ဥရောပ ကော်မရှင်၏ ပြောရေးဆိုခွင့် ရှိသူက ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ အီးယူနှင့် ဆေးဝါးထုတ်လုပ်သူများကပေးမည့် ကာကွယ်ဆေးပမာကိုမူ အသေးစိတ်မပြောကြားခဲ့ပေ။
“တရုတ်နိုင်ငံရဲ့ ကိုဗစ်အခြေအနေကြောင့် ကျန်းမာရေးကော်မရှင်အဖွဲ့ဝင် စတယ်လာကရိယာကစ်ဒ်က အီးယူအနေနဲ့ ပံ့ပိုးမှုပေးဖို့ တရုတ်လုပ်ဖော်ကိုင်ဖက်တွေကို ဆက်သွယ်ထားပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ထိုအကူအညီများတွင် ကျန်းမာရေးကျွမ်းကျင်ပညာရှင်များ စေလွှတ်မှုနှင့် မျိုးကွဲများနှင့် လိုက်လျောညီထွေဖြစ်အောင် ထုတ်လုပ်ထားသော အီယူးကာကွယ်ဆေးလှူဒါန်းမှုများ ပါဝင်သည်။
တရုတ်အနေဖြင့် အီးယူ၏ ကမ်းလှမ်းချက်ကို လက်ခံခြင်း ရှိ မရှိနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဌာန ပြော‌ရေးဆိုခွင့်ရှိသူ မောင်နင်က တရုတ်၏ ကာကွယ်ဆေးထိုးနှုန်းနှင့် ကုသ‌နိုင်စွမ်းသည် ဆက်လက်မြင့်တက်နေပြီး ထောက်ပံ့မှုများ လုံလောက်ကြောင်း စကားလွှဲကာ ရိုက်တာသို့ ဖြေကြားခဲ့သည်။
တရုတ်နိုင်ငံသည် ကာကွယ်ဆေးထိုးလိုသူမှန်သမျှ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သော်လည်း ကူးစက်ရောဂါ စိန်ခေါ်မှုများကို ပိုမိုကောင်းမွန်စွာ ဖြေရှင်းနိုင်ရန် နိုင်ငံတကာ အသိုက်အဝန်းနှင့် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းဖွင့်ထားကြောင်း မောင်နင်က ပြောခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required