အဆိုတော် Simone ၏ ဘဝဇာတ်ကြောင်း ရုပ်ရှင်နမူနာ ထွက်လာပြီးနောက် ဝေဖန်မှှုများ ထပ်မံပေါ်ပေါက်

အဆိုတော် Simone ၏ ဘဝဇာတ်ကြောင်း ရုပ်ရှင်နမူနာ ထွက်လာပြီးနောက် ဝေဖန်မှှုများ ထပ်မံပေါ်ပေါက်

အဆိုတော် Nina Simone ၏ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားသော ရုပ်ရှင်ဇာတ်ကား၏ နမူနာထဲတွင် ခေါင်းဆောင်မင်းသမီး Zoe Saldana အား အသားပိုမည်းအောင် လုပ်၍ ရိုက်ကူး ထားရသည်ကို တွေ့ရရာ ထိုဇာတ်ကားမှာ ဝေဖန်မှှုများနှင့် ထပ်မံ ရင်ဆိုင်နေရသည်။

အဆိုတော် Nina Simone အဖြစ် မင်းသမီး Saldana က သရုပ်ဆောင်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ်က ကြေညာခဲ့စဉ်ကလည်း ထိုကဲ့သို့ ဝေဖန်ခံခဲ့ရပြီး၊ အဆိုတော် Simone ၏ သမီးဖြစ် သူက မင်းသမီး Saldana မှာ အကောင်းဆုံး ရွေးချယ်မှှု မဟုတ်ကြောင်း ဆိုခဲ့သည်။

ကွယ်လွန်သူ အဆိုတော် Nina Simone အကြောင်း ရုပ်ရှင်အား ကြော်ငြာသည့် တွစ်တာပို့စ် တစ်ခုကို မင်းသမီး Saldana က တင်ခဲ့ရာ အဆိုတော်၏ အမွေခံများ၏ တွစ်တာစာမျက်နှာမှ ဒေါသတကြီး တုံ့ပြန်မှှုတစ်ခု ပေါ်ထွက်လာခဲ့သည်။

“Nina ရဲ့ နာမည်ကို ကျေးဇူးပြုပြီး ခင်ဗျားပါးစပ်က မပြောပါနဲ့။ နောင် တစ်သက်လုံး မပြောပါနဲ့” ဟု ရေးသားခဲ့ခြင်း ဖြစ်သည်။

ထိုရုပ်ရှင်ကို ဧပြီလ ၂၂ ရက်နေ့တွင် တရားဝင် ဖြန့်ချိမည်ဖြစ်ပြီး၊ ရုပ်ရှင်ဇာတ်ကား ပိုစတာ တစ်ခုနှင့် နမူနာတို့ ဗုဒ္ဓဟူးနေ့က ထွက်ပေါ်လာခဲ့ပြီးနောက် ဝေဖန်မှှုများ ထပ်မံ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

မင်းသမီး Saldana မှာ ဒိုမီနီကန် နှင့် ပွါတိုရီကန် အနွယ်ဝင်တစ်ဦး ဖြစ်သည်။ ကမ္ဘာကျော် လူမည်းအမျိုးသမီး အဆိုတော်နှင့် လူ့အခွင့်အရေး လှှုပ်ရှားသူ တစ်ဦးဖြစ်သည့် Nina Simone ၏ ဘဝဇာတ်ကြောင်းကို သရုပ်ဆောင်သဖြင့် ဝေဖန်တုံ့ပြန်မှှုများကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။

Simone ၏ ဇာတ်လမ်းတွင် လူမျိုးကိစ္စမှာ အဓိက ကျလျက်ရှိနေကာ၊ အာဖရိကန်-အမေရိကန် မင်းသမီး တစ်ဦးကို ရွေးချယ်လျှင် ပို၍ သင့်တော်မည် ဖြစ်ကြောင်း အဆိုတော်၏ ပရိသတ် အများအ ပြားက ခံစား ယူဆကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required