ကွန်တီနဲ့ ထိပ်တိုက်တွေ့ဆုံပြီးနောက် ဘယ်လိုမှ မခံစားရတာကြောင့် မျှတတဲ့ ထိတွေ့တုံ့ပြန်မှု'လို့ တူချယ် အခိုင်အမာဆို

ကွန်တီနဲ့ ထိပ်တိုက်တွေ့ဆုံပြီးနောက် ဘယ်လိုမှ မခံစားရတာကြောင့် မျှတတဲ့ ထိတွေ့တုံ့ပြန်မှု'လို့ တူချယ် အခိုင်အမာဆို
Photo: AFP

ချယ်လ်ဆီးအသင်းနည်းပြ သောမတ်စ်တူချယ်က တနင်္ဂနွေနေ့က ၂-၂ ဂိုးနဲ့ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တဲ့ ပွဲမှာ အန်တိုနီယိုကွန်တီနဲ့ သူတို့နှစ်ဦးကြား နှစ်ကြိမ်ထိပ်တိုက်တွေ့ဆုံမှုအတွက် နှစ်ဦးစလုံး အနီကတ်ပြသခံရပြီးနောက် တော့တင်ဟမ်နည်းပြဆီကနေ "မျှတတဲ့ ထိတွေ့တုံ့ပြန်မှု'"တခုရယူခဲ့တဲ့အတွက် သူ ကျေနပ်မိတယ်လို့ ပြောပါတယ်။

စပါးအသင်းရဲ့ ပထမချေပဂိုးအတွက် ကွန်တီရဲ့ အလွန်အကျွံအောင်ပွဲခံတာဟာ နည်းပြနှစ်ဦးကို အကြိတ်အနယ်ဖြစ်စေဖို့အတွက် ကြိုတင်ဖြစ်လာစေခဲ့တာပါ။

ချယ်လ်ဆီးက ပွဲချိန် ၇၇ မိနစ်မှာ ရီးစ်ဂျိမ်းစ်ကတဆင့် ဦးဆောင်ဂိုးပြန်ရလာချိန်မှာတော့ တူချယ်က ကွင်းဘေးစည်းတလျောက် ပြေးဆင်းသွားပြီး အောင်ပွဲခံတုံ့ပြန်ခဲ့ပါတယ်။

ဒါပေမယ့် ဟယ်ရီကိန်းရဲ့ ၉၆ မိနစ်မှာ ချေပဂိုးကြောင့် ကွန်တီက နောက်ဆုံး အောင်ပွဲခံတုံ့ပြန်ခဲ့ပါတယ်။

တူချယ်ဟာ ပွဲအပြီး လက်ဆွဲနှုတ်ဆက်ရာမှာ ကွန်တီက မျက်လုံးချင်းဆိုင်မကြည့်ခဲ့တဲ့အတွက် မပျော်ရွှင်ခဲ့ဘဲ နည်းပြတွေနဲ့ ကစားသမားတွေကြားမှာ အချင်းချင်း ရန်ဖြစ်မှုတွေဖြစ်ပွားခဲ့ပါတယ်။

"အပူချိန်ကြောင့် ပူနေတယ်။ ခုံတန်းလျားနဲ့ ကွင်းပြင်မှာ ပူနေပြီး ပရိသတ်ကြားကလည်း ပူနေတယ်"လို့ အင်္ဂလိပ်မြို့တော်မှာ အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်အထက် မြင့်တက်နေတာကို Tuchel က ပြောပါတယ်။

”ဘယ်လိုမှ ဆက်ပြီး ခံစားရတာ မရှိပါဘူး။ ဒါဟာ သူ့ဆီက မျှတတဲ့ ထိတွေ့တုံ့ပြန်မှုနဲ့ ကျနော်ဆီက မျှတတဲ့ တန်ပြန်မှုလို့ ခံစားရတယ်။

"ကျနော်တို့ တစ်ယောက်ကို တစ်ယောက် စော်ကားခဲ့တာ မဟုတ်ပါဘူး၊ တစ်ယောက်နဲ့ တစ်ယောက် ထိုးကြ.. ကြိတ်ကြတာတွေလည်း မရှိပါဘူး၊ ကိုယ့်ရဲ့ အသင်းတွေအတွက် တိုက်ပွဲဝင်နေကြတာပါ။ ကျနော်တို့ဘက်ကတော့ လုံးဝ ခံစားရတာ မရှိပါဘူး။ အဲဒီအတွက် ကျနော်တို့ နှစ်ယောက်လုံး အနီကတ်ရခဲ့တာ ကျနော် အံ့သြမိတယ်။"

တော့တင်ဟမ်ရဲ့ သွင်းဂိုးနှစ်ဂိုးစလုံးကို ခွင့်ပြုခဲ့တာကြောင့် တူချယ်ရဲ့ ဒေါသဟာ တာဝန်ရှိသူတွေဆီကို ဦးတည်သွားခဲ့ပါတယ်။

" ကိုင်ဟာဗက်ဇ်အပေါ်  ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရတာ သိသိသာကြီးပါ။ ကောင်းပြီ၊ အခြေအနေတွေက ဆက်ဖြစ်ရင်း ဖြစ်နေတယ်၊ ပြီးတော့ ဒါဟာ သိသိသာသာ လူကျွံဘောတစ်ခုပါပဲ"လို့ တူချယ်က ပြောပါတယ်။

"ဘောလုံးကွင်းထဲမှာ ဘယ်အချိန်ကတည်းက ဆံပင်ကို ဆောင့်ဆွဲလို့ရတာတဲ့လဲ။ ရယ်စရာကောင်းတယ်။

"ဒါက တစ်ခုတည်းသော စိတ်ပျက်စရာပါပဲ။ ကျနော်ဟာ ကမ္ဘာပေါ်မှာ အပျော်ဆုံး နည်းပြပါ။ ကျနော်တို့ဟာ ကောင်းမွန်တဲ့ ပွဲတစ်ပွဲကို ကစားနိုင်ခဲ့လို့ပါပဲ။"

ကွန်တီဟာ တူချယ်နဲ့ သူ့ကြား ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်တဲ့ မေးခွန်းများစွာကို ငြင်းဆန်ခဲ့ပြီး စပါးအသင်း တိုးတက်မှုရှိနေပေမယ့်လည်း နှစ်သင်းကြားကွာဟချက်မှာ ကျန်ရှိနေသေးတယ်လို့ ဝန်ခံခဲ့ပါတတယ်။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့သည့်ရာသီက တွေ့ဆုံမှု လေးကြိမ်စလုံးကို အနိုင်ရခဲ့ပြီး နိုဝင်ဘာလမှာ ကွန်တီ ကိုင်တွယ်ခဲ့ပြီးနောက် ၎င်းတို့ထဲနက်မှ ၃ ပွဲမှာ ဖြစ်ပါတယ်။

“ကျနော့်အမြင်အရတော့ ပွဲအကြောင်းပြောရတာ ပိုကောင်းပါတယ်။” ကွန်တီက ပြောပါတယ်။ ချယ်လ်ဆီးဟာ တကယ်ကို ကောင်းမွန်တဲ့ အသင်း ဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ရာသီနဲ့ ယှဉ်ရင် ကျနော်တို့ အနည်းငယ် ပိုကောင်းခဲ့ပါတယ်။

"ကွာခြားချက်က ရှင်းပါတယ်။ ဒီအသင်းက လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ချန်ပီယံလိဂ် ချန်ပီယံဆု ဆွတ်ခူးခဲ့သလို၊ မနှစ်က ကလပ်ကမ္ဘာ့ဖလားလည်း ရယူခဲ့တယ်၊ FA ဖလားနဲ့ ကာရာဘောင်း (လိဂ်)ဖလားတို့မှာ ဗိုလ်လုပွဲအထိ ရောက်ခဲ့ပါတယ်။

"ချယ်လ်ဆီးနဲ့ တော့တင်ဟမ်ဟော့ကြားက ကွာခြားချက်တစ်ခုရှိပေမယ့် ဒီကွာဟချက်ကို လျှော့ချဖို့ ကျနော်တို့ ဒီကိုရောက်နေပါပြီ။ မနှစ်ကရာသီမှာ သုံးကြိမ်ရှုံးခဲ့တယ်၊ ဒီတစ်ကြိမ်တော့ ကျနော်တို့ ရှေ့ကို အနည်းငယ် လှမ်းခဲ့ပါတယ်။"

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required