ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ ပြည်နယ်အဆင့် ဖက်ဒရယ်တည်ဆောက်မှု ခိုင်မာအားကောင်းဖို့ လိုအပ်ပြီး၊
လက်ရှိအချိန်မှာကတည်းက ဖက်ဒရယ်ရဲ့ လမ်းစဉ်ကို သွားနေဖို့ လိုအပ်ကြောင်း၊
ယခုကြားကာလမှာလည်း ဗဟိုချုပ်ကိုင်မှုစနစ်နဲ့၊ ဗမာလူမျိုးကြီးဝါဒတွေကို လျှော့ချပစ်ဖို့ အထူးလိုအပ်နေပြီဆိုတာတွေကို သုံးသပ်ထားတဲ့ အကြောင်းအရာတွေအပါအဝင် တခြားအကြောင်းအရာတွေကို ကယန်းအမျိုးသမီးများအစည်းအရုံး/KyWO ရဲ့ တွဲဖက်အတွင်းရေးမှူး ၂ ဖြစ်သူ မူအန်းဂျလာက သုံးသပ်ဆွေးနွေးထားပါတယ်။