ထိုင်ဝမ်ငလျင် သေဆုံးသူ ၁၁၄ ဦးအထိ ရောက်လာ

ထိုင်ဝမ်ငလျင် သေဆုံးသူ ၁၁၄ ဦးအထိ ရောက်လာ

တိုင်ပေ၊ ဖေဖော်ဝါရီ ၁၃ ။          ။ ထိုင်ဝမ်တွင် လှုပ်သွားသည့် ငလျင်၌ အဆောက်အအုံတစ်ခု ပြိုကျမှုအတွင်း သေဆုံးသူဦးရေသည် ဖေဖော်ဝါရီ ၁၂ ရက်နှောင်းပိုင်းအထိ ၁၁၄ ဦးအထိ ရှိသွားပြီဖြစ်သည်။

"ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးများလည်း ရပ်နားလိုက်တော့ဖို့ ရှိပါတယ်။"ဟု တိုင်နန်းမြို့တော်ဝန် ဝီလီယမ်လိုင်းက ပြောသည်။

အဆောက်အအုံအတွင်း ပျောက်ဆုံးနေဖွယ်ရှိသူများကိုလည်း စတင်ရေတွက်နေပြီးဖြစ်ကြောင်း မြို့တာဝန်ရှိသူများက ပြောသည်။

ဖေဖော်ဝါရီ ၆ ရက်အစောပိုင်းက လှုပ်သွားသည့် အင်အား ၆ ဒသမ ၄ ရှိ ငလျင်ကြောင့် တိုင်နန်းမြို့အတွင်းရှိ သေဆုံးမှုအားလုံးသည် ယင်းပြိုကျအဆောက်အအုံအတွင်း သေဆုံးရခြင်းလည်းဖြစ်သည်။

မြို့၏ အခြားနေရာတွင် သေဆုံးသူမှာ နှစ်ဦးရှိသည်။

အဆိုပါ ၁၇ ထပ် အဆောက်အအုံ အပြိုအပျက်များအောက် ကယ်ဆယ်ရေးများကို ပစ်မှတ်ထားဆောင်ရွက်လျက်ရှိနေသည်။ ယင်းအဆောက်အအုံတွင် နေထိုင်သူ မှတ်ပုံတင်ထားသူ ၂၅၆ ဦးရှိသော်လည်း ငလျင်လှုပ်ပြီး အပျက်အစီးများအောက်မှ ဆွဲထုတ်ခဲ့ရသူ အရေအတွက်ကြောင့် အဆောက်အအုံပြိုကျချိန်တွင် မှတ်ပုံတင်နေထိုင်သူထက် ပိုများများ အဆောက်အအုံအတွင်း   နေထိုင်လျက်ရှိနေခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

အပျက်အစီးများအောက်မှ ဆွဲထုတ်နိုင်သူဦးရေသည် စုစုပေါင်း ၂၈၉ ဦးရှိပြီး ဆေးရုံတင်ထားသူ ၉၆ ဦးနှင့်အတူ လူပေါင်း ၁၇၅ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required