လူထုအကျိုးစီးပွားပိုမို တိုးတက်အောင်ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ တိုက်တွန်း

လူထုအကျိုးစီးပွားပိုမို တိုးတက်အောင်ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ တိုက်တွန်း

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၈ ။                  ။ လွှတ်တော်တွင်း လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းအတွင်းရှိ လူထုအကျိုးစီးပွား ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြရန် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက တိုင်းဒေသကြီးလွှတ်တော် ပထမနေ့တွင် တိုက်တွန်းပြောကြား လိုက်သည်။

" ကျွန်တော်တို့ လွှတ်တော်တွင်းလုပ်ငန်းများဆောင်ရွက်ကြတဲ့အခါမှာ နိုင်ငံသားများရဲ့ လွတ်လပ်ခြင်း၊ ညီ မျှခြင်း၊ တရားမျှတခြင်းတို့နဲ့အညီ ဆောင်ရွက်ကြပြီးရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့  လူထုရဲ့အကျိုး စီးပွား ကို ပိုမိုတိုးတက်အောင် အစွမ်းကုန် ဆောင်ရွက်ကြပါစို့။"ဟု ဦးတင်မောင်ထွန်းက ပြောသည်။

ဒုတိအကြိမ်လွှတ်တော်အစည်းဝေး ပထမနေ့တွင် မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်မိုးမိုးစုကြည် က သဘာပတိအဖြစ်ဆောင်ရွက်ပြီး လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ ရွေးခြယ်တင်မြှောက်ခြင်း ၊ ကတိသစ္စာ ခံယူ ခြင်းများ ပြုလုပ်ခဲ့သည်။

လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးခြယ်တင်မြှောက်ရာတွင် ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦး တင်မောင်ထွန်း၊ ကမာရွတ်မြို့နယ် မဆြန္ဒနယ်အမှတ်(၂)မှ ဦးလင်းတိုင်မြင့်တို့အား လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌအဖြစ် ကန့်ကွက်သူမရှိ အမည်စာရင်းတင်သွင်းခဲ့သည့်အတွက် လွှတ်တော် သဘာပတိက အတည် ပြု တင်မြှောက်ပေးခဲ့ပြီး တာဝန်များလွှဲပြောင်းပေးအပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required