ရီပက်ဘလီကန် သမ္မတ ကိုယ်စားလှယ်လောင်း ဒေါ်နယ်လ်ထရင့်ကို ၎င်း၏ တေးသီချင်း အသုံးပြုခွင့် မပေးခဲ့တဲ့ အဒဲလ်

ရီပက်ဘလီကန် သမ္မတ ကိုယ်စားလှယ်လောင်း ဒေါ်နယ်လ်ထရင့်ကို ၎င်း၏ တေးသီချင်း အသုံးပြုခွင့် မပေးခဲ့တဲ့ အဒဲလ်

ပေါ့ကြယ်ပွင့် အဒဲလ်သည် သမ္မတ ဝင်ရောက်အရွေးခံမည့် ကိုယ်စားလှယ်လောင်း ဒေါ်နယ်လ် ထရင့်ကို သမ္မတလောင်း စည်းရုံးလှုံဆော်ပွဲများတွင် ၎င်း၏ တေးသီချင်းကို ထည့်သွင်းမသုံးရန် ကြေညာ ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

ရီပက်ဘလီကန် သမ္မတ ကိုယ်စားလှယ်လောင်း ဒေါ်နယ်လ်ထရင့်သည် မကြာသေးမီက ၎င်း၏ သမ္မတလောင်း စည်းရုံးလှုံ့ဆော်ပွဲများတွင် အဒဲလ်၏ လူကြိုက်များသော တေးသီချင်း “Rolling In The Deep” ကို ထည့်သွင်း အသုံးပြုခဲ့သည်။ တေးသီချင်းများ အသုံးပြုမှုအတွက် ယခုကဲ့သို့ ဝေဖန်ခံရခြင်းသည် ဒေါ်နယ်လ်ထရင့်အတွက် ပထမဆုံးအကြိမ် မဟုတ်ပေ။

“အဒဲလ်က ဘယ်နိုင်ငံရေး လှုံ့ဆော်ပွဲတွေမှာမဆို သူမရဲ့ တေးသီချင်းကို သုံးခွင့်မပြုပါဘူး” ဟု ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက အတည်ပြု ပြောကြားသည်။

စက်တင်ဘာလကလည်း R.E.M ရော့ခ်တေးဂီတအဖွဲ့ဝင် မိုက်ကယ်စတိုက်က ထရင့်သည် စည်းရုံးလှုံ့ဆော်ပွဲတွင် အဖွဲ့၏ တေးသီချင်း “It’s the End of the World as We Know It(And I Fell Fine)” တေးသီချင်းကို အသုံးပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

ရော့ခ်တေးဂီတအဖွဲ့ Aerosmith ကလည်း ထရင့်သည်  ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ပြုလုပ်သော လူထုစည်းရုံး လှုံ့ဆော်ပွဲတွင် ၎င်းတို့အဖွဲ့၏ တေးသီချင်း “ Dream On”ကို အသုံးပြု ခဲ့ကြောင်း ပြောကြားခဲ့သည်။ Aerosmith အဖွဲ့ခေါင်းဆောင် စတီဗင်တေလာ၏ ရှေ့နေများက ထရင့်၏ စည်းရုံးလှုံ့ဆော်ပွဲသို့ သီချင်းများ အသုံးပြုမှုကို ရပ်စဲပေးရန် အစီရင်ခံစာတစ်စောင်ကို ပို့ခဲ့သည်။

ထရင့် အသုံးပြုသော တေးသီချင်းများသည် မှားယွင်းသော အယူအဆများကို ပေးစွမ်း ကြောင်း အစီရင်ခံစာတွင် ပြောကြားထားသည်။ သီချင်းအသုံးပြုရန် တရားဥပဒေကြောင်းအရ လုပ်ပိုင်ခွင့်ရှိကြောင်း ထရင့်က တွစ်တာတွင် တုံ့ပြန် ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required