လိင်ဆက်ဆံလိုပါက ရဲများကို ကြိုအကြောင်းကြားရမည့် အမျိုးသား

လိင်ဆက်ဆံလိုပါက ရဲများကို ကြိုအကြောင်းကြားရမည့် အမျိုးသား

အင်္ဂလန်နိုင်ငံ York မှ အမည်မသိ အမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ဦးဦးနှင့် လိင်ဆက်ဆံမှှု ပြုလုပ်လိုပါက ရဲအရာရှိများကို ၂၄ နာရီ ကြိုတင် အကြောင်းကြားရန် လိုအပ်ကြောင်း အမိန့်ချမှတ်ခြင်း ခံခဲ့ရသည်။ ရဲများအား ကြိုတင်အကြောင်းမကြားဘဲ၊ အမျိုးသမီးတစ်ဦးဦးနှင့် လိင်ဆက်ဆံခွင့် ပိတ်ပင်တားမြစ် ခံထားရခြင်း ဖြစ်သည်။

ဥပဒေဆိုင်ရာ အကြောင်းပြချက်များကြောင့် ထိုအမျိုးသား၏ အမည်ကို သိခွင့်မရပေ။ သူသည် အမျိုးသမီးတစ်ဦးဦးနှင့် လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှှု ပုံစံတစ်မျိုးမျိုး ပြုလုပ်မည်ဆိုလျှင် North Yorkshire ရဲတပ်ဖွဲ့ထံသို့ ထိုအမျိုးသမီး၏ အမည်ကိုလည်း သတင်းပို့ရမည် ဖြစ်သည်။

ထိုအမျိုးသား၏ အင်တာနက် အသုံးပြုခွင့်ကိုလည်း ရဲအရာရှိများက ထိန်းချုပ်ကန့်သတ်ထားပြီး၊ သူ့အနေဖြင့် သူ့ထံတွင်ရှိသည့် အွန်လိုင်းဝင်ရောက်နိုင်သော စက်ပစ္စည်းများ နှင့် အခြားသူများဖြင့် ဆက်သွယ်နိုင်သော စက်ပစ္စည်းများကိုလည်း ရဲတပ်ဖွဲ့ထံ တင်ပြရမည် ဖြစ်ကြောင်း York Press သတင်းစာက ရေးသားဖော်ပြထားသည်။။ North Yorkshire ရဲတပ်ဖွဲ့သည် ထို လိင်ပိုင်းဆိုင်ရာအန္တရာယ် ယာယီအမိန့်ကို York တရားသူကြီး၏ အတည်ပြုချက်ဖြင့် ချမှတ်ထားခြင်းဖြစ်ကာ ထိုအမိန့်သည် မေလ ၁၉ ရက်နေ့ အထိ အသက်ဝင်မည် ဖြစ်သည်။

မေလ ၁၉ ရက်နေ့ နောက်ပိုင်းတွင်မူ တရားရုံးသည် အပြည့်အဝ တားမြစ်မိန့် လိုမလို ဆုံးဖြတ်မည်ဖြစ်ကာ၊ မည်သည့်ကာလအထိ ထိုအမိန့် ကြာမြင့်သင့်ကြောင်းလည်း ဆုံးဖြတ်မည် ဖြစ်သည်။ အကယ်၍ ထိုအမျိုးသားသည် North Yorkshire ရဲတပ်ဖွဲ့ အာဏာရှိသည့် ဒေသ၏ အပြင်ဘက်သို့ ရောက်ရှိနေသည်ဆိုလျှင် ထိုအခြားဒေသ၏ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံ အကြောင်းကြားရမည် ဖြစ်သည်။

 

လိင်ပိုင်းဆိုင်ရာ အန္တရာယ် အမိန့်တစ်ရပ်ကို ချိုးဖောက်ပါက ထောင်ဒဏ် ငါးနှစ် အထိ ကျခံရနိုင်သည်။ ထိုအမျိုးသားသည် လိင်ပိုင်ဆိုင်းရာ ပြစ်မှှုတစ်ခုခုကို ကျူးလွန်ခဲ့ခြင်း မရှိသော်လည်း တားမြစ်မိန့် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။ အများပြည်သူအား ကြိုတင်ကာကွယ်ပေးရန် လိုအပ်သည်ဟု ရဲတပ်ဖွဲ့က ယူဆသော အမှှုကိစ္စမျိုးတွင် ထိုကဲ့သို့သော အမိန့်မျိုးကို ချမှတ်လေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required