ယနေ့လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်/ကျဉ်း ၃၉ ဦးသာပါရှိ

ယနေ့လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်/ကျဉ်း ၃၉ ဦးသာပါရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ။             ။ ဦးသိန်းစိန်အစိုးရ၏ နောက်ဆုံးလက်ကျန်သက်တမ်းတွင်ခွင့်ပြုပေးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသား ၃၉ဦးသာပါရှိသည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ အထွေထွေအတွင်းရေးမှူး ဦးဘိုကြည်က မဇ္ဈိမကို အတည်ပြုသည်။

"နိုင်ကျဉ်း ၃၉ဦးပဲပါတယ်၊ ကျန်တာက အကောက်ခွန် ဝန်ထမ်း ၁၅ယောက်နဲ့ တစ်ခြားရာဇဝတ်မှုနဲ့ပက်သက်ပြီး ထောင်ကျနေတဲ့ သူတွေ၊ နိုင်ငံရေးနဲ့ပက်သက်ပြီးအမှုရင်ဆိုင်နေရသူ အလုပ်သမား၊ ကျောင်းသား၊ လယ်သမား၊ မီဒီယာနဲ့ တက်ကြွလှုပ်ရှားသူ ၄၀၀ကျော်ကျန်နေသေးတယ်။" ဟု ၎င်းကဆိုသည်။

ယနေ့လွှတ်ပေးခဲ့သည့် နိုင်ငံရေးအကျဉ်းသား ၃၉ ဦးအပြင် မြန်မာနိုင်ငံအနံှ့အပြားရှိထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားပေါင်း အယောက် ၉၀ အထိကျန်ရှိနေသေးသည်။

ဦးသိန်းစိန်အစိုးရခွင့်ပြုခဲ့သည့် ယခုလွတ်ငြိမ်းချမ်းသာခွင့်တွင် မန္တလေးထောင်မှ လွှတ်မြောက်သည့် ကျောင်းသားတစ်ဦးသာပါရှိသည်ဟုလည်း AAPP မှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required