ဖျော်ဖြေပွဲတွေမှာ ခဲနဲ့ပေါက်တာ မဆန်းတော့ပါဘူးလို့ ဆိုတဲ့ မော်ဒယ်သရုပ်ဆောင် ဇွန်သဥ္ဇာ

ဖျော်ဖြေပွဲတွေမှာ ခဲနဲ့ပေါက်တာ မဆန်းတော့ပါဘူးလို့ ဆိုတဲ့ မော်ဒယ်သရုပ်ဆောင် ဇွန်သဥ္ဇာ
ဇန်နဝါရီ ၁၈ရက်က ပြုလုပ်သည့် ၆၄နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားတွင် ဖျော်ဖြေနေသည့် မော်ဒယ် ဇွန်သဥ္ဇာကို တွေ့ရစဉ်။ (ဓာတ်ပုံ- စိန်ဝင်း)

ရန်ကုန်၊ ဇန်နဝါရီ ၁၉ ။               ။ ၆၄ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို လွိုင်ကော်တွင် ဇန်နဝါရီ ၁၈ရက်ညက ပြုလုပ်ခဲ့ရာ ထိုပွဲတွင် ပါဝင်ဖျော်ဖြေခဲ့သည့် မော်ဒယ် သရုပ်ဆောင် ဇွန်သဉ္ဇာကို ဒေသခံများမှ ပြောင်းဖူးရိုးများ၊ ခဲများဖြင့် ပစ်ပေါက်ခြင်း ခံရသော်လည်း ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း ၎င်းက မဇ္ဈိမကိုပြောသည်။

ကယားပြည်နယ်နေ့ အခမ်းအနားတွင် ဖျော်ဖြေရး အစီအစဉ် အနေဖြင့် အဆိုတော် အောင်ထက်၊ မော်ဒယ်ဇွန်သဉ္ဇာ၊ မော်ဒယ် ဇာဇာထက်တို့မှ တစ်ဦးကို သီချင်း ၂ပုဒ် စီဖြင့် ပါဝင်   ဖျော်ဖြေပေးကြခြင်း ဖြစ်သည်။

မော်ဒယ် သရုပ်ဆောင် ဇွန်သဉ္ဇာက "သူတို့က အောင်ထက်ကို အရမ်း အားပေးကြတာ။ အောင်ထက် စင်ပေါ်မတက်မချင်း ပြောင်းဖူးရိုးတွေနဲ့ ပေါက် ခဲသေးသေးလေးတွေနဲ့ အဝေးကနေ လှမ်းပေါက်ကြတာပါ။ တချို့ နယ်ပွဲတွေမှာလည်း အဲလိုတွေ ရှိတဲ့အတွက် သိပ်တော့ မဆန်းတော့ပါဘူး။ သူတို့ဘာသာ ခဲနဲ့ပဲပေါက်ပေါက် ကိုယ်ခံယူထားတဲ့ အနုပညာ လမ်းကြောင်းပေါ်မှာ ဆက်ပြီး လျှောက်လှမ်းသွားမှာပါ" ဟု ပြောသည်။

ထိုသို့ ပြောင်းဖူးရိုး၊ ခဲများဖြင့် ခပ်ဝေးဝေးမှ ပစ်ပေါက်သည့် အတွက် ကြီးကြီးမားမား ထိခိုက် ဒဏ်ရာရမှုမရှိသလို ခေါင်း နှင့် ပုခုံးလောက်သာ အနည်းငယ်စင်တာမျိုးရှိသလို လုံခြုံရေးများ ရှိသည့်အတွက်လည်း ဒေသခံများမှ စင်ပေါ်သို့ တက်လို့ မရသလို ခပ်ဝေးဝေးကနေသာ ပစ်ပေါက်ကြခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို ဖျော်ဖြေပွဲတွင် မော်ဒယ် သရုပ်ဆောင် ဇွန်သဉ္ဇာ၏ ဝတ်စားဆင်ယင်မှုကို သဘောမကျသည့် အတွက် ယခုလို ပစ်ပေါက်တာလားဟု မေးမြန်းကြည့်သည့်အခါ ၎င်းက "ဝတ်စားဆင်ယင်မှုကြောင့်တော့ မဟုတ်ပါဘူး။ Sexy မော်ဒယ် ဖြစ်တဲ့ အတွက် ဖက်ရှင်ကျကျ ဝတ်ထားတာပါပဲ။ အရမ်းတောကျတဲ့ သူတွေ အတွက်ကတော့ ဟော့ရင်ဟော့နေမှာပေါ့" ဟု ပြောသည်။

မော်ဒယ် သရုပ်ဆောင် ဇွန်သဉ္ဇာ အနေဖြင့် ကယားပြည်နယ်နေ့ အခမ်းအနားတွင် ဖျော်ဖြေရန် ဇန်နဝါရီ ၁၈ရက် ညတွင် ဖျော်ဖြေခဲ့ပြီး ဇန်နဝါရီ ၂၀ရက်တွင် ရန်ကုန်သို့ ပြန်လည်   ရောက်ရှိမည် ဖြစ်သည်။ ၎င်းအနေဖြင့် နောက်ထပ် ဖျော်ဖြေပွဲများကိုလည်း လက်ခံထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required