Super Junior အဖွဲ့ဝင် Ryeowook ပွဲဦးထွက် တစ်ကိုယ်တော် ဖျော်ဖြေပွဲပြုလုပ်ရန် ပြင်ဆက်လျက်ရှိ

Super Junior အဖွဲ့ဝင် Ryeowook ပွဲဦးထွက် တစ်ကိုယ်တော် ဖျော်ဖြေပွဲပြုလုပ်ရန် ပြင်ဆက်လျက်ရှိ

တောင်ကိုရီးယား အမျိုးသား အဆိုတော်အဖွဲ့ Super Junior မှ အဖွဲ့ဝင် Ryeowook သည် ပွဲဦးထွက် တစ်ကိုယ်တော်ဖျော်ဖြေပွဲ လုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိကြောင်း SM Entertainment က ဇန်နဝါရီ ၅ ရက်တွင် ပြောကြားသည်။ Ryeowook သည် ၂၀၀၅ ခုနှစ်တွင် အဆိုတော်အဖြစ် စတင် လုပ်ဆောင်ခဲ့သူတစ်ဦး ဖြစ်သည်။

“Ryeowook ဟာ တစ်ကိုယ်တော် တေးအယ်လ်ဘမ် ထွက်ရှိဖို့ ပြင်ဆင်မှုတွေ လုပ်နေတယ် ဆိုတာ မှန်ပါတယ်။ တိကျတဲ့ အစီစဉ်များကို ဆုံးဖြတ်ပြီးတဲ့အခါ ကျွန်တော်တို့ အသေးစိတ် ထုတ်ဖော် ပြောကြားသွားမှာပါ” ဟု အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တေးဂီတ လောကအတွင်းသို့ Super Junior အဖွဲ့ဝင်တစ်ဦးအဖြစ် ဝင်ရောက်လာသူ Ryeowook သည် ဂီတလောကအတွင်း ပရိသတ်များနှင့် တာဝန်ရှိသူများအကြား အသံပိုင်းဆိုင်ရာ ကျွမ်းကျင်သ ူတစ်ဦးအဖြစ် အသိမှတ်ပြု ခံထားရသူတစ်ဦး ဖြစ်သည်။

အသက် ၂၉ နှစ်အရွယ်ရှိ Ryeowook သည် မကြာသေးမီက Super Junior အဖွဲ့ခွဲ K.R.Y အဖွဲ့၏ အာရှဖျော်ဖြေရေး ကမ္ဘာလှည့်ခရီးစဉ်တွင် ပါဝင် ဖြေဖျော်ခဲ့ကြောင်းနှင့်  ဇန်နဝါရီ ၈ - ၁၀ ရက်တွင် ဂျပန်နိုင်ငံ၌ ကျင်းပ ပြုလုပ်မည့် “Super Junior Special Event Super Camp”  ပရိတ် သတ်များ တွေ့ဆုံပွဲသို့လည်း တက်ရောက်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required