Junsu နှင့် Hani တို့ ချစ်သူဖြစ်နေကြပြီဟု ၎င်းတို့၏ အေဂျင်စီများ အတည်ပြု

Junsu နှင့် Hani တို့ ချစ်သူဖြစ်နေကြပြီဟု ၎င်းတို့၏ အေဂျင်စီများ အတည်ပြု

ကိုရီးယား အဆိုတော် နှစ်ဦး ဖြစ်ကြသည့် Junsu နှင့် Hani တို့ ချစ်သူဖြစ်နေကြပြီဖြစ်ကြောင်း ၎င်းတို့၏ အေဂျင်စီများက အတည်ပြုပြောကြားလိုက်သည်။

၎င်းတို့နှစ်ဦး တွဲနေကြသည်မှာ ခြောက်လခန့် ရှိနေပြီ ဖြစ်ကြောင်း ကိုရီးယား မီဒီယာ Dispatch က ရေးသားဖော်ပြခဲ့ပြီးနောက်၊ ယခုအခါတွင် အေဂျင်စီများက ထိုသတင်းကို အတည်ပြုလိုက်ကြခြင်း ဖြစ်သည်။

အမျိုးသား အဆိုတော် Junsu ၏ အေဂျင်စီ CJ Entertainment ၏ ကြေညာချက်ထဲတွင် “ရင်းနှီးတဲ့ သူငယ်ချင်းနှစ်ယောက် ဖြစ်ကြတဲ့ သူတို့နှစ်ယောက်ဟာ မကြာခင်ကာလက စပြီး တစ်ဦးနဲ့ တစ်ဦး ချိန်းပြီး တွေ့ဆုံခဲ့ကြပါတယ်။

ပရိသတ်တွေ အနေနဲ့ သူတို့နှစ်ဦးရဲ့ ချစ်ခရီးကို နွေးနွေးထွေးထွေး ကြိုဆိုကြလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒီကိစ္စဟာ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခု ဖြစ်တာမို့ သူတို့ရဲ့ ချစ်မေတ္တာဇာတ်လမ်း အကြောင်းကို ကျွန်တော်တို့ အခုထက်ပိုပြီး ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိတာကိုလည်း ပရိသတ်က နားလည်ပေးကြလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ရေးသားထားသည်။

Ref: Dramafever

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required