KBS ဒရာမာ ဆုပေးပွဲတွင် Grand Prize ဆုကို မင်းသား Kim Soo Hyun ဆွတ်ခူး

KBS ဒရာမာ ဆုပေးပွဲတွင် Grand Prize ဆုကို မင်းသား Kim Soo Hyun ဆွတ်ခူး

၂၀၁၅ အတွက် ကိုရီးယား KBS ဒရာမာ ဆုပေးပွဲတွင် မင်းသား Kim Soo Hyun က Grand Prize ကို ဆွတ်ခူးခဲ့သည်။ ထိုဆုကို All About My Mom ဇာတ်လမ်းတွဲထဲမှ မင်းသမီးကြီး Go Doo Shim ကလည်း ရရှိသွားသည်။

Kim Soo Hyun သည် ထိုဆုကို Producer ဇာတ်လမ်းတွဲဖြင့် ရရှိခဲ့ခြင်း ဖြစ်ကာ၊ ထိုဆုအပြင် အကောင်းဆုံး တွဲဘက်သရုပ်ဆောင်များ ဆုကိုလည်း ထိုဇာတ်လမ်းတွဲဖြင့်ပင် သရုပ်ဆောင် Gong Hyo Jin နှင့် Cha Tae Hyun တို့နှင့်အတူ ဆွတ်ခူးနိုင်ခဲ့သည်။

အသက် ၂၇ နှစ်အရွယ် မင်းသား Kim Soo Hyun သည် Netizen ဆုကိုလည်း Producer ဇာတ်လမ်းတွဲဖြင့်ပင် ရရှိခဲ့သည်။ Netizen ဆုကို ဆွတ်ခူးခဲ့သူ နောက်တစ်ဦးမှာ မင်းသား Kim Soo Hyun နှင့် နာမည်ချင်း ဆင်တူသည့် ဆယ်ကျော်သက်မင်းသမီးလေး Kim So Hyun ဖြစ်သည်။

အကောင်းဆုံး ဇာတ်ညွန်းရေးသားသူ ဆုကို Kim In Young က Unkind Women ဇာတ်လမ်း တွဲဖြင့် ဆွတ်ခူးသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required