ကျောက်ထုအမြောက်တပ်မှ စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင် ထွက်ပြေး

By မဇ္ဈိမ 
23 November 2023
ကျောက်ထုအမြောက်တပ်မှ စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင် ထွက်ပြေး

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့အခြေစိုက် အမြောက်တပ်(၃၆၈)မှ တပတ်အတွင်း စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင်ခန့် ထွက်ပြေးသွားကြောင်း သိရသည်။

မင်းတပ်-ကျောက်ထုလမ်းပေါ်ရှိ   အဆိုပါအမြောက်တပ်မှ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စစ်ကောင်စီတပ် သား လေးဦးထွက်ပြေးခဲ့ပြီး နိုဝင်ဘာလ ၂၀ ရက်နေ့က  ၁၄ ဦးထွက်ပြေးရာတွင် လေးဦးမှာ ပြန်လည်ဖမ်း မိသွားပြီး အမြောက်တပ်အတွင်း ပြန်လည်ခေါ်ဆောင်သွားကြောင်း ယောဒေသသတင်းများကိုဖော်ပြနေ သော ယောအလင်းတန်း လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြချက်အရ သိရသည်။

ယင်းသို့ စစ်ကောင်စီတပ်သားများထွက်ပြေးသွားပြီးနောက် ကျောက်ထုအမြောက်တပ်သည် အနီးအနား ရှိကျေးရွာများကို ဝင်ရောက်ရှာဖွေခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းများ နေ့စဉ်ဆက်တိုက်ပြုလုပ် နေကြောင်း ဒေသခံများက ပြောသည်။

“ကျောက်ထုအနီးနားက ရွာတွေထဲကိုဝင်မွေနေကြတယ်။ မနေ့က အမြောက်တပ်ထဲက ၁၄ ယောက် ထွက်ပြေးတာ အဲဒီထဲက လေးယောက်ကို ပြန်မိတယ်ကြားတယ်။ ကျန်တဲ့ ၁၀ ယောက်တော့ မမိသေးဘူး၊ ပြီးခဲ့တဲ့အပတ်ကလည်း လေးယောက်ထွက်ပြေးသွားသေးတယ်။ အခု ကျောက်ထုအမြောက်တပ်ထဲက စစ်သားတွေ ခဏခဏ ထွက်ပြေးကြတယ်။ ဒါကြောင့်လည်း အနီးအနားကရွာတွေကို လက်နက်ကြီးတွေ နဲ့ လျှောက်ပစ်နေတာ” ဟု ဆောမြို့မှ စစ်ဘေးရှောင်တဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့ကလည်း ကျောက်ထုအမြောက်တပ်ရင်းမှ ဒုအရာခံဗိုလ်ကျော်စိုးလှိုင် သည် MA-3 သေနတ်၊ ခဲယမ်းများနှင့်အတူ ဂန့်ဂေါခရိုင်တပ်ရင်း(၁၅၊ ၁၆၊ ၁၇)-YRA ထီးလင်းထံ အလင်းဝင် လာသောကြောင့် ငွေကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း YRA ထီးလင်းအဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း။   ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly