Suzuki Cup အတွက် စင်္ကာပူနှင့် ယှဉ်ပြိုင်ရမည့် မြန်မာအသင်းဘောလုံးသမား ၁၄ ဦး ကစားရန်အဆင်သင့်မဖြစ်

Suzuki Cup အတွက် စင်္ကာပူနှင့် ယှဉ်ပြိုင်ရမည့် မြန်မာအသင်းဘောလုံးသမား ၁၄ ဦး ကစားရန်အဆင်သင့်မဖြစ်

ဒီဇင်ဘာ ၄

AFF Suzuki Cup ပြိုင်ပွဲတွင် အိမ်ရှင် စင်ကာပူအသင်းနှင့် စတင်ယှဉ်ပြိုင်ရန် မြန်မာအသင်းအတွက် အချိန် ၃၃ နာရီသာ ကျန်တော့သည့် အချိန်၌ မြန်မာဘောလုံးသမား ၁၄ ဦး ယှဉ်ပြိုင်ရန်အဆင်သင့်မဖြစ်သည့်အနေအထားတွင်ရှိနေသည်ဟု မြန်မာအသင်းနည်းပြက ပြောကြားကြောင်း စထရိတ်တိုင်းမ် သတင်းစာကရေးသားထားသည်။

စင်္ကာပူနိုင်ငံထုတ် စထရိတ်တိုင်းသတင်းစာက အသက် ၅၁ နှစ်အရွယ် ဂျာမနီနိုင်ငံသား အန်တွမ်နီဟေး ကို ကိုးကားပြီး “အခြေအနေက စင်ကာပူနဲ့ ယှဉ်ပြိုင်ရာမှာ ကစားသမား ၁၄ ယောက် ပါဝင်ဖြစ်ဖို့ မသေချာတော့ဘူး၊ ကျွန်တော်တို့အနေနဲ့ ဂိုးသမား လေးဦးအပါအဝင် ကစားသမား ၁၃ ဦးပဲ ရှိနိုင်တော့တာ ဖြစ်တယ်”ဟု ဖော်ပြထားသည်။

နှစ်ဆယ့်ခုနှစ်ဦးပါ မြန်မာအသင်း၌ လေးဦးသည် ဒဏ်ရာရထားပြီး ၁၀ ဦးမှာ COVID-19 ပြန်လည်စစ်ဆေးခံရန် လိုအပ်သဖြင့် ကစားပွဲမစမီ တစ်ရက်အလို၌ လေ့ကျင့်ကွင်း ဆင်းနိုင်မည်မဟုတ်ဟု ပြောကြောင်း ပါရှိသည်။

“ကစားဖို့ အဆင်သင့်ဖြစ်နေသူ အနည်းဆုံး လုံလုံလောက်လောက် ရရှိဖို့ ကျွန်တော်တို့ မျှော်လင့်တယ်၊ ဖြစ်နိုင်မဖြစ်နိုင်ကတော့ မကျိန်းသေပါဘူး”ဟု မြန်မာအသင်းနည်းပြက စနေ့နေ့ကပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင်ပြောသွားသည်။

ဖီဖာ၏ စည်းမျဉ်းစည်းကမ်းအရ အသင်းတစ်သင်းအနေဖြင့် ဘောလုံးကွင်းအတွင်း အနည်းဆုံး ကစားသမား ခုနစ်ဦး ထည့်သွင်းနိုင်လျှင် ကစားနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly