စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၄၀၀ ကျော်ထက်မနည်း တိုက်ခိုက်ဖျက်ဆီးခံရ 

စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၄၀၀ ကျော်ထက်မနည်း တိုက်ခိုက်ဖျက်ဆီးခံရ 

ဒီဇင်ဘာ ၄

ဖေဖောဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများက စစ်တပ်အုပ်စိုးသည့် မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၄၀၀ ကျော်ထက်မနည်းကို ဖျက်ဆီးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက သောကြာနေ့တွင် ဖော်ပြပြီး ယင်း တိုက်ခိုက်မှုများကြောင့် သုံးစွဲသူ တော်တော်များများ ဆက်သွယ်ရေး ပြတ်တောက်ရသည်ဟု ဆဲလ်ဖုန်းအော်ပရေတာများက ပြောသည်။ 

အစိုးရ ယိုင်နဲ့စေရန် ရည်ရွယ်ချက်အားဖြင့် တာဝါတိုင်များကို ဖျက်ဆီးကြခြင်း ဖြစ်သည်ဟု စစ်ကောင်စီ၏ အာဘော်ဖြစ်သော Global New Light of Myanmar သတင်းက ဖော်ပြသည်။ ဆန္ဒပြမှုများနှင့် သပိတ်တိုက်ပွဲများကာလအတွင်း အတိုက်အခံများကို ဖရိုဖရဲဖြစ်အောင် ကြိုးစားမှုအဖြစ် စစ်တပ်သည် များစွာသော ဧရိယာနယ်မြေများ၌ ယခင်က အင်တာနက်ဖြတ်တောက်ခြင်းများ လုပ်ဆောင်ခဲ့သည်။ 

“နိုင်ငံရဲ့ အနာဂတ် လှုပ်ရှားဆောင်ရွက်မှုများနှင့် အစိုးရ၏ စီမံအုပ်ချုပ်ရေး ယန္တရားကို ဖြိုချရန် အကြမ်းဖက်များက ကြိုးပမ်းလျက်ရှိသည်”ဟု ယင်း သတင်းစာက ဖော်ပြပြီး စစ်တပ်တစ်စိတ်တစ်ပိုင်း ထိန်းချုပ်သော Mytel ပိုင် တာဝါတိုင်ပေါင်း ၄၀၉ ခု၏ ၈၈ ရာခိုင်နှုန်း ဖျက်ဆီးခံရဿည်ဟု ဖြည့်စွက်ဆိုထားသည်။ 

အဝေးရောက် မြန်မာအစိုးရနှင့် မဟာမိတ်ဖြစ်သော ပြည်သူ့စစ်များက တာဝါတိုင်အချို့ ဖျက်ဆီးခြင်းတွင် တာဝန်ရှိသည်ဟု အတည်ပြုဆိုသော်လည်း အချို့သော တာဝါတိုင်များအနီးတွင် မိုင်များ ထောင်ခြင်းများဖြင့် စစ်တပ်၏ လက်ချက်လည်း မကင်းခဲ့ဟု ပြောသည်။ 

ရိုက်တာက ထင်မြင်ချက်ရရှိရန် သောကြာနေ့၌ ဖုန်းခေါ်ဆိုသည်ကို စစ်ကောင်စီ ပြောခွင့်ရသူတစ်ဦးက ပြန်လည်ဖြေကြားခြင်း မရှိပေ။ 

အာဏာသိမ်းလိုက်ချိန်မှ စ၍ မြန်မာ လုံခြုံရေးတပ်များသည် လူပေါင်း ၁၃၀၀ ကျော်ကို သတ်ဖြတ်ထားပြီး ဖီဆန်မှုများကို ဖြိုခွင်းရန် ထောင်ပေါင်းများစွာကို ဖမ်းဆီးထားကြောင်း ပြည်တွင်းအစိုးရအဖွဲ့အစည်းမဟုတ်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီထောက်ပံ့ရေးအဖွဲ့အရ သိရသည်။ 

အဆိုပါ နှုန်းထားမှာ ချဲ့ကားလွန်းသည်ဟု စစ်တပ်က ဆိုသည်။ 

မြန်မာနိုင်ငံတွင် လူကြိုက်များသည့် တယ်လီကွန်းလုပ်ငန်းဖြစ်သော တယ်လီနောကလည်း ၎င်း၏ တာဝါတိုင်အချို့ ဖျက်ဆီးခံရသည်ဟု ရိုက်တာသို့ ပြောသည်။ 

“အဖျက်အမှောင့်တွေကြောင့် ဆက်သွယ်မှု ပြတ်တောက်ရတဲ့ သုံးစွဲသူပေါင်း ဘယ်လောက်ရှိနေတယ်ဆိုတာ ခန့်မှန်းရခက်ပါတယ်”ဟု ပြောခွင့်ရသူတစ်ဦးက အီးမေးလ်မှတစ်ဆင့် ဆိုသည်။ 

စက်တင်ဘာလအတွင်း၌ Mytel က ထုတ်ပြန်ချက်တွင် တာဝါတိုင်များ တိုက်ခိုက်ခံရခြင်းကြောင့် မြန်မာနိုင်ငံ၌ လူပေါင်း ၇၀၀၀၀၀ နီးပါး အင်တာနက် မရရှိဘဲ ဖြစ်ရသည်ဟု ခန့်မှန်းဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required