NLD ဗဟိုပြန်ကြားရေးအဖွဲ့တာဝန်ခံ မုံရွာအောင်ရှင်ကွယ်လွန်

NLD ဗဟိုပြန်ကြားရေးအဖွဲ့တာဝန်ခံ မုံရွာအောင်ရှင်ကွယ်လွန်

နိုဝင်ဘာလ ၂၈ ရက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ တာဝန်ခံဖြစ်သူ ကဗျာဆရာ မုံရွာအောင်ရှင် ယနေ့ နိုဝင်ဘာ ၂၈ရက် နံနက် ၆ နာရီခွဲခန့်တွင် ကွယ်လွန်သွားပြီဟု ၎င်း၏ မိသားစုတစ်ဦးထံက သိရသည်။ 

"ပြန်လွတ်လာတာ မကြာသေးဘူး။ အခုမိသားစုကို အပြီးထားခဲ့တော့တာလားအဘရယ်" ဟု ၎င်း၏ မြေးဖြစ်သူက လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။ 

မုံရွာအောင်ရှင်သည် အာဏာသိမ်းစစ်ကောင်စီတပ်၏ နာမည်ဆိုးဖြင့်ကျော်ကြားသော ရေကြည်အိမ်စစ်ကြောရေးစခန်းမှလွတ်မြောက်လာပြီး ရက် ၄၀ အကြာတွင် ကွယ်လွန်သွားခြင်းဖြစ်သည်။

ရန်ကုန်အိမ်တွင် နှလုံးသွေးကြေပိတ်ရောဂါဖြင့် ဆုံးပါးသွားခြင်းဖြစ်ကြောင်း ၎င်း၏ ဇနီးဖြစ်သူက ဧရာဝတီသတင်းဌာနကို ဖြေကြားထားသည်။ အသက် ၇၆နှစ်အရွယ် မုံရွာအောင်ရှင်မှာ ယခင်က ပန်းနာရင်ကြပ်ရောဂါအခံလည်းရှိကြောင်း သိရသည်။

၎င်းတို့ စစ်တပ်က ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းသည့်နေ့တွင် ဖမ်းဆီးခဲ့ပြီး အောက်တိုဘာ ၁၈ရက်က ပြန်လည်လွတ်မြောက်လာခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required