ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက စစ်ကောင်စီကို အသိအမှတ်ပြုထားတာ မရှိဘူးလို့ NUG ပြော

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက စစ်ကောင်စီကို အသိအမှတ်ပြုထားတာ မရှိဘူးလို့ NUG ပြော

ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက အာဏာသိမ်းစစ်ကောင်စီကို မြန်မာနိုင်ငံ ကိုယ်စားပြု အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုထားတာမရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုး (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုး (NUG) ရဲ့ ဒုတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကလည်း စစ်ကောင်စီကို အကြောင်းအမျိုးမျိုးကြောင့် ပြောဆိုဆက်ဆံ နေရတာဖြစ်ပြီး အစိုးရတစ်ရပ်အဖြစ် အသိအမှတ်မပြုတဲ့အကြောင်း NUG ကို အခိုင်အမာ ဆက်သွယ် ပြောကြားလာတာ ရှိတယ်လို့ ဦးမိုးဇော်ဦးက ပြောပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂရဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက ကျင်းပတဲ့ အစည်းအဝေးတွေမှာ စစ်ကောင်စီ စေလွှတ်တဲ့ ကိုယ်စားလှယ်ကို မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်ခွင့်မပြုဘဲ ငြင်းပယ်ခဲ့တာကိုကြည့်ရင် နိုင်ငံတကာက တော်လှန်ရေး အင်အားစုတွေဘက်မှာ ဝိုင်းဝန်းရပ်တည်ပေးနေတာ တွေ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ပြောပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required